
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာမှာ အမျိုးသားတယောက်က ၇ တန်း ကျောင်းသူကလေးအား အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကြာကန်ကျေးရွာက အသက် အသက် ၂၇ နှစ်အရွယ်ရှိ မိုးဒီ (ခ) အောင်ထက်ပိုင် (ခ) မင်းသိန်းကျော်ဟာ စက်တင်ဘာ ၉ ရက်က အသက် ၁၂ ကျော် ၇ တန်းကျောင်းသူလေးကို လိမ်လည်ခေါ် ဆောင်ပြီး အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။
ဖြစ်စဥ်ကို သိရှိတဲ့သူတယောက်က “အဓမ္မကျင့်တဲ့ကောင်က ကလေးကို ဇီးချိုင့်ကျေးရွာဘက်က လမ်းခြေကိုမရောက်ဖူးရင် လိုက်ပို့ပေးမယ်ဆိုပြီး လိမ်ခေါ်ပြီးပြုကျင့်တာ။ အိမ်နီးချင်တွေပါ။ ကလေးရဲ့မိဘတွေက အလုပ်သွားလုပ်နေလို့ မရှိကြဘူး” လို့ ပြောပါတယ်။
ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ စစ်ကောင်စီလက် အောက်ခံ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပေမဲ့ မိုးဒီကတော့ လက်ရှိအချိန်အထိထွက်ပြေးတိမ်း ရှောင်နေတယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့သူတယောက်က “မိဘတွေက ရဲစခန်းမှာ တိုင်ကြားထားတယ်လို့ သိရ တယ်။ ကျူးလွန်တဲ့ ကောင်ကထွက်ပြေးသွားပြီ။ ဒီနေ့အထိ လွတ်မြောက်နေတယ်” လို့ ပြောပါတယ်။
အဲ့ဖြစ်စဥ်နဲ့ ပတ်သက်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အကူအညီနဲ့ ကလေးငယ်ကို ကျန်းမာရေးဌာနက ကူညီစစ်ဆေးပြီး လိုအပ်တဲ့ ကူညီပေးတာတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။
အဓမ္မပြုကျင့်ခံရတဲ့ ကလေးမိဘတွေက နွမ်းပါးချို့တဲ့သူတွေဖြစ်ပြီး အမှုအမှန်ပေါ်ပေါက်ဖို့နဲ့ တရား ဥပဒေနဲ့အညီ အရေးယူအပြစ်ပေးနိုင်ဖို့ အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။