Home
မြန်မာသတင်း
လယ်မူလားမြို့နယ်ရှိ စစ်တပ်စခန်းကို KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်
DVB
·
September 8, 2025
Photo: KNU

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ ထမင်းမစားကျေးရွာရှိ စစ်တပ်စခန်းကို ကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KNLA၊ KNDO နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၈ ရက် မနက်အစောပိုင်းက ထမင်းမစားရွာမှာ တပ်စွဲထားတဲ့ ခလရ ၂၈၀ တပ်ရင်း၊ အမတ ၃၀၉ တပ်ရင်း၊ အမှတ် ၁၂ တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်း တပ်ဖွဲ့ဝင် စုစုပေါင်း ၄၀ ကျော် တပ်စွဲထားတဲ့ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်မဟာ ၄ လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO) တပ်ရင်း ၇၊ တပ်ခွဲ ၂၊ တပ်ခွဲ ၅၊ KNLA အထူးတပ်ဖွဲ့၊ ပလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013