Home
နိုင်ငံတကာ
ဟွန်ဒိုင်းစက်ရုံ ဝင်စီးပြီးနောက် အမေရိကန်လုပ်သားများကို လေ့ကျင့်၊ ခန့်ထားရန် ထရမ့်ပ် သတိပေး
DVB
·
September 8, 2025
Photo: REUTERS/David Dee Delgado/Evelyn Hockstein

အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်မှာရှိတဲ့ ဟွန်ဒိုင်းစက်ရုံကို ဝင်စီးခဲ့အပြီးမှာ နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ အမေရိကန် အလုပ်သမားတွေကို ခန့်အပ်ဖို့၊ လေ့ကျင့်ပေးဖို့ လိုအပ်ပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေတွေကို လိုက်နာဖို့လိုတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က သတိပေးလိုက်ပါတယ်။ 

စက်တင်ဘာ ၄ ရက်က ဟွန်ဒိုင်းကားဘက်ထရီစက်ရုံကို ဖက်ဒရယ်အေးဂျင့်တွေက ဝင်စီးခဲ့ရာမှာ တောင်ကိုရီးယားနိုင်ငံသား ၃၀၀ ကျော်အပါအဝင် အလုပ်သမား ၄၇၅ ယောက် အဖမ်းခံခဲ့ရပါတယ်။

အမေရိကန် လဝက သမိုင်းမှာ အကြီးဆုံး ဝင်ရောက်စီးနင်းမှုအတွင်း ဖမ်းမိတဲ့ အလုပ်သမားတွေကို  လက်ထိတ်ခတ်ပြီး သံကြိုးတွေနဲ့ ချည်နှောင်ခေါ်ဆောင်သွားပုံဟာ မကြုံစဖူးဖြစ်စဉ် ဖြစ်ပါတယ်။

တောင်ကိုရီးယားအစိုးရကတော့ စင်းလုံးငှားလေယာဉ် စေလွှတ်ပြီးတော့ သူ့နိုင်ငံသားတွေကို ပြန်ခေါ်ယူမှာ ဖြစ်ပါတယ်။ 

ထရမ့်ပ်က နိုင်ငံခြားကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံတာကို ကြိုဆိုပေမဲ့ ခင်ဗျားတို့ရဲ့ စမတ်ကျတဲ့ ပြည်သူတွေ၊ ကျွမ်းကျင်သူတွေကို တရားဝင်ပဲ ခေါ်ယူဖို့ တိုက်တွန်းကြောင်း၊ အပြန်အလှန်အနေနဲ့ အမေရိကန်အလုပ်သမားတွေကိုလည်း လေ့ကျင့်သင့်ကြား၊ ခန့်ထားစေလိုကြောင်း လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ 

ဒီဖြစ်စဉ်ကြောင့် တောင်ကိုရီးယားနဲ့ ဆက်ဆံရေးကို မထိခိုက်ကြောင်းလည်း ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။ 

အမေရိကန်အလုပ်သမားတွေကို လေ့ကျင့်သင်ကြားပေးနိုင်ဖို့ ကုန်ထုတ်လုပ်ငန်းနဲ့ပတ်သက်တဲ့ ကျွမ်းကျင်ပညာရှင်တချို့ ပြည်တွင်း ဝင်ခွင့်ပေးဖို့ ဖြစ်နိုင်ခြေကိုလည်း လေ့လာပေးမယ်လို့ ထရမ့်ပ်က ပြောခဲ့ပါတယ်။

Photo: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013