
ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ အာမေးနီးယားနဲ့ပွဲမှာ ဂိုးသွင်းပြီးနောက် ကွယ်လွန်သူ အသင်းဖော် ဒီယေဂိုဂျိုတာအတွက် ဂုဏ်ပြုအောင်ပွဲခံခဲ့ပါတယ်။
လီဗာပူးတိုက်စစ်မှူး ဂျိုတာဟာ ဇူလိုင် ၃ ရက်က စပိန်နိုင်ငံမှာ အစ်ကို ဖြစ်သူနဲ့အတူ ကားမတော်တဆမှုနဲ့ ကွယ်လွန်ခဲ့တာပါ။
အဲဒီနောက်ပိုင်း ပေါ်တူဂီအသင်းရဲ့ ပထမဆုံးပွဲစဉ်အဖြစ် စက်တင်ဘာ ၇ ရက်က အာမေးနီးယားနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖွင့်ပွဲကစားခဲ့ရာမှာ ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။
ဒီပွဲမှာ စီရော်နယ်ဒိုက ၂ ဂိုးသွင်းခဲ့ပြီး ပထမဂိုးသွင်းယူအပြီးမှာ ကောင်းကင်ကို လက်ညှိုးညွှန်ပြပြီး အသင်းဖော် ဒီယေဂိုဂျိုတာအတွက် ဂုဏ်ပြုအောင်ပွဲခံခဲ့တာပါ။
ဂျိုတာရဲ့ ဈာပနကို အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်ပြီး တက်ရောက်ခြင်းမရှိခဲ့တဲ့အပေါ် ဝေဖန်ခံခဲ့ရပြီးနောက် အခုလုပ်ဆောင်မှုက စီရော်နယ်ဒိုကို ဝေဖန်သူတွေအတွက် ငြိမ်သက်စေခဲ့ပါတယ်။