
ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ ချစ်သူ ဂျော်ဂျီနာ ရိုဒရီဂတ်ဇ်ကို စေ့စပ်လက်ဆောင်အဖြစ် ပေါင် ၂၇၀,၀၀၀ တန် ပေါ်ရှေးကားနဲ့ တန်ဖိုးကြီးလက်ကိုင်အိတ်တွေ ပေးခဲ့ပါတယ်။
ရော်နယ်ဒိုနဲ့ ရိုဒရီဂတ်ဇ်တို့ဟာ ၉ နှစ်ကျော်ကြာ လက်တွဲလာတဲ့ ချစ်သူတွေဖြစ်ပြီး သူတို့ ၂ ယောက် လက်ထပ်ဖို့ စေ့စပ်လိုက်တယ်ဆိုတဲ့ သတင်းက ဒီတပတ်အတွင်းမှာ အံ့ဩဖွယ် ပေါ်ထွက်လာတာပါ။
ရိုဒရီဂတ်ဇ်က အင်စတာဂရမ်မှာ ရော်နယ်ဒိုပေးတဲ့ စိန် ၇ ပွင့်ပါ လက်စွပ်ကို ဝတ်ဆင်ပြီး စေ့စပ်မှုကို တဘဝလုံးစာအတွက် လက်ခံတဲ့အကြောင်း ရေးသားဖော်ပြထားပါတယ်။
ရော်နယ်ဒိုရဲ့ လက်ထပ်ဖို့ စေ့စပ်ခွင့်တောင်းတဲ့ လက်စွပ်ဟာ စိန် ၇ လုံးပါဝင်ပြီး ဒေါ်လာ သန်းချီတန်တယ်မယ်လို့ ခန့်မှန်းချက်တွေလည်း ထွက်နေပါတယ်။
ရော်နယ်ဒိုဟာ သူ့ချစ်သူကို စိန်လက်စွပ် အပါအဝင် တန်ဖိုးကြီးပစ္စည်းတွေလည်း လက်ဆောင်အဖြစ် ပေးခဲ့တာဖြစ်ပါတယ်။
ပေါင် ၇၈,၀၀၀ ကျော် တန်ကြေးရှိတဲ့ အဖြူရောင် ပေါ်ရှေးကားတစီး အပါအဝင် ပေါင် ၂၅,၀၀၀ ကျော် ဒီရော၊ လူးဝစ်ဗစ်တန် စတဲ့ တန်ဖိုးကြီး လက်ဆောင်ပစ္စည်းတွေနဲ့ အဝတ်အစားတွေ ပေးခဲ့တယ်လို့လည်း သိရပါတယ်။
ရော်နယ်ဒိုဟာ ချစ်သက်လက်ဆောင်အဖြစ် အသုံးပြုငွေ ပေါင် ၁ သန်းရဲ့ ၄ ပုံ ပုံ ၁ ပုံ ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ပေါင် ၄၂,၀၀၀ တန် ပီတက်ဖိလစ်ပီ နာရီနဲ့ ပေါင် ၅၃,၀၀၀ တန် အော်ဒီမာပီကေး (AP) နာရီတို့လည်း ပါဝင်ပါတယ်။
ရင်းနှီးတဲ့သူတွေရဲ့ ပြောကြားချက်အရ ရော်နယ်ဒိုဟာ ဒီလို စေ့စပ်ခွင့်တောင်းဖို့ အချိန်အကြာကြီး ပြင်ဆင်ခဲ့ကာ လက်ထပ်ပွဲကို ကမ္ဘာ့ဖလားအပြီးမှာ ပြုလုပ်ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။
ရော်နယ်ဒိုနဲ့ ရိုဒရီဂတ်ဇ်တို့မှာ ကလေး ၂ ယောက် ထွန်းကားထားပြီး လက်ရှိ ခရစ်စတီယာနို ဂျူနီယာ အပါအဝင် စုစုပေါင်း ကလေး ၅ ယောက်ကို အုပ်ထိန်းနေတာဖြစ်ပါတယ်။
အသက် ၄၀ အရွယ်ရှိ ရော်နယ်ဒိုဟာ ရိုဒရီဂတ်ဇ်နဲ့ သီးသန့် တိတ်တဆိတ် လက်ထပ်ထားတယ်လို့ ထင်ကြေးပေးမှုတွေ ရှိခဲ့ပေမဲ့ အခုထွက်ပေါ်လာတဲ့ သတင်းက ရိုဒရီဂတ်ဇ်ကို သူ့ရဲ့ဇနီးအဖြစ် တရားဝင် လူသိရှင်ကြား ချပြခဲ့တာလို့ သတင်းတွေက ဖော်ပြပါတယ်။
Photo:Reuters