Home
မြန်မာသတင်း
ရခိုင်နှင့် ဆက်စပ်ဒေသများတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ
DVB
·
September 6, 2025

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ စစ်ကောင်စီရဲ့ တပ်မဌာနချုပ်၊ စစ်တိုင်းဌာနချုပ်၊ တပ်ရင်းဌာနချုပ် အပါအဝင် စစ်ရေးအရ အရေးပါတဲ့နေရာတွေကို ပြန်လည်သိမ်းပိုက်ဖို့ အာဏာသိမ်းစစ်တပ်က အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ AA က စက်တင်ဘာ ၅ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးမှာ စက်တင်ဘာ ၄ ရက်က စကခ ၁၇ လက်အောက်ခံ ခမရ ၅၇၄ နဲ့ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ-ဆလအခွဲ ၉၄၄ ပါဝင်တဲ့ စစ်ကြောင်းနဲ့ AA တို့ ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ် စကခ ၁၇ လက်အောက်ခံတပ်တွေဟာ လက်နက်ခဲယမ်းတွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေ၊ ကျောပိုးအိတ်တွေကို စွန့်ပစ်တပ်ဆုတ်သွားခဲ့ပြီး အကျအရှုံးရှိခဲ့တယ်လို့လည်း သိရပါတယ်။

စစ်တပ်ဟာ အတင်းအဓမ္မ စစ်မှုထမ်း စုဆောင်းထားတဲ့ သင်တန်းဆင်းတပ်သား အင်အား ၁၅၀၀ ခန့်အထိ အသုံးပြုပြီး ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ် အစပ်ဒေသတွေမှာ ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေတာလို့ AA က ပြောပါတယ်။

မကွေးတိုင်းအတွင်း စစ်ဆင်ရေးလုပ်ခဲ့တဲ့ တပ်မ ၉၉ တပ်ရင်း၊ တပ်ဖွဲ့ဝင်တွေအစား တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၀၉ တပနားဖို့ ရောက်ရှိနေတာကို အမ်း-ပဒါန်း စစ်ဆင်ရေးမှာ အောင်မြင်မှု ရခဲ့တဲ့ပုံစံနဲ့ ရှေ့တန်းပြန် အခမ်းအနားတွေ ပြုလုပ်နေတာဟာ စစ်မြေပြင်အရှုံးကို ဖုံးကွယ်ဖို့ ကြိုးစားနေတာသာ ဖြစ်တယ်လို့လည်း AA က ထောက်ပြခဲ့ပါတယ်။ 

အရင်က ဂုတ်စီးရိုးဒေသ တိုက်ပွဲတွေမှာ အရေးနိမ့်ခဲ့တဲ့ အမှတ် (၉၉) ခြေလျင်တပ်မဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက် နဲ့ အဖွဲ့ဝင် ၁၇ ယောက်ကို ဖေဖော်ဝါရီ ၄ ရက်မှာ AA က လက်ရဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်က စတင်ခဲ့တဲ့ AA ရဲ့ ထိုးစစ်ဟာ ရခိုင်ပြည်သူတွေရဲ့ ရည်မှန်းချက်ပန်းတိုင် ဖြစ်ပြီး ကျန်ရှိနေတဲ့ ရည်မှန်းချကတွေ ပြည့်မီတဲ့အထိ ပြည်သူလူထုနဲ့အတူ လက်တွဲပြီး ဆက်လက်တိုက်ပွဲ ဝင်သွားမယ်လို့ AA က ဆိုပါတယ်။

ရခိုင်ပြည်နယ်က ၁၇ မြို့နယ်မှာ ၁၄ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထားပြီး ရခိုင်ပြည်နယ်က စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တို့ပဲ စစ်တပ်က ထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013