Home
နိုင်ငံတကာ
၃ နှစ်ခွဲအတွင်း တရုတ်လျှပ်စစ်ကားကုမ္ပဏီ BYD ၏ အမြတ်ငွေ ပထမဆုံးအကြိမ် ကျဆင်း
DVB
·
September 4, 2025
Photo: REUTERS/Quetzalli Nicte-Ha/File Photo

တရုတ်လျှပ်စစ်ကားကုမ္ပဏီ BYD ဟာ ၃ နှစ်ခွဲကာလအတွင်း ၃ လပတ် အမြတ်ငွေ ပထမဆုံး အကြိမ် ကျဆင်းခဲ့ပါတယ်။ 

အစိုးရရဲ့ ဈေးနှုန်းယှဉ်ပြိုင်မှု ဆန့်ကျင်မှုတွေကြောင့် အမြတ်ငွေထိခိုက်မှုတွေဖြစ်လာတာပါ။ 

ကမ္ဘာ့အကြီးဆုံး EV ကားထုတ်လုပ်တဲ့ BYD ရဲ့ ဒုတိယ ၃ လပတ်မှာ အသားတင်အမြတ်ငွေ ဒေါ်လာ ၈၉၄ သန်းရှိခဲ့ပြီး ဒီနှစ်အစောပိုင်းမှာ ၂၉.၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာလို့ ဩဂုတ် ၂၉ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ပထမ ၃ လပတ်မှာ ၁၀၀.၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး BYD ရဲ့ ဘဏ္ဍာရေးက ဇွန် ၃၀ ရက်အထိ ယွမ်ငွေ ၂၀၀.၉ ဘီလီယံ ၁၄ ရာခိုင်နှုန်း တိုးလာတာဖြစ်ပါတယ်။ 

BYD ရဲ့ အကြီးမားဆုံး ပြိုင်ဘက် တက်စလာလည်း တရုတ်အာဏာပိုင်တွေရဲ့ ဈေးနှုန်းပြောင်းလဲသတ်မှတ်မှုတွေကြောင့် EV လုပ်ငန်းတွေအတွက် အမြတ်အစွန်းထိခိုက်ဖို့ ဖိအား တွေ ဖြစ်လာပါတယ်။ 

BYD ဟာ ဒီနှစ်မှာ တကမ္ဘာလုံးကို ကားအစီးရေ ၅.၅ သန်းရောင်းချဖို့ ပစ်မှတ်ထားနေပြီး ၇ လအတွင်း ကားစီးရေ ၂.၄၉ သန်း၊ ၄၅ ရာခိုင်နှုန်း ‌ရောင်းချထားရပါတယ်။ 

BYD ဟာ တရုတ်နိုင်ငံမှာ ရောင်းအား ၈၀ ရာခိုင်နှုန်း ရှိပြီး ဒုတိယ ၃ လပတ်မှာ ရောင်းအားကျဆင်းလာတာပါ။ ဒါဟာ ၁၇ လအတွင်း ပထမဆုံးအကြိမ်ရောင်းအားကျဆင်းလာတာပဲဖြစ်ပါတယ်။  

BYD ဟာ ကားထုတ်လုပ်မှုနှေးလာပြီး စက်ရုံတွေမှာ စွမ်းဆောင်ရေ ချဲ့ထွင်ဖို့လည်း နောက်ကျလာတယ်လို့ ရိုက်တာက ဇွန်လတုန်းက ဖော်ပြခဲ့ဖူးပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013