
ဘိုင်ယန်မြူးနစ်ရဲ့ကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး ဘက်တစ်အသင်းကို ရွေးချယ်ခဲ့တာလို့ တောင်ပံ ကစားသမား အန်တိုနီက ပြောသွားပါတယ်။
အသက် ၂၅ နှစ်ရှိ ဘရာဇီးကစားသမားအတွက် မန်ယူ အသင်းကပေါင်သန်း ၆၀ လောက် အရှုံးခံပြီး ဘက်တစ်အသင်းဆီ အပြီးသတ်ရောင်းချခဲ့တာပါ။
စပိန်မီဒီယာတခုနဲ့အင်တာဗျူးမှာ ဘိုင်ယန်မြူးနစ်အပါအဝင် အသင်း ၅ သင်းရဲ့ ကမ်းလှမ်းမှုတွေလက်ခံရရှိ ခဲ့ပေမဲ့ ဘက်တစ်အသင်းဆီပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ကြောင်း အန်တိုနီကပြောပါတယ်။
ဘိုင်ယန်နဲ့ စကားပြောချိန်မှာ ဘက်တစ်ဆီပြောင်းရွှေ့ဖို့ ၉၅ ရာခိုင်နူန်းလောက် ပြီးစီးနေပြီဖြစ်ကြောင်းနဲ့ မိမိဆုံးဖြတ်ချက်အတွက် ဂုဏ်ယူကြောင်း အန်တိုနီက ပြောပါတယ်။
အန်တိုနီဟာ မနှစ်ကရာသီကတည်းက ဘက်တစ်မှာအငှားထွက်ကစားခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့သူ ဖြစ်ပါတယ်။
Photo: Reuters


