
တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ အိန္ဒိယနိုင်ငံက ကတိပြုထားကြောင်း ဝန်ကြီးချုပ်မိုဒီက တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။
မိုဒီဟာ ၂ ရက်ကြာ ပြုလုပ်မဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကို တက်ရောက်ဖို့ တရုတ်နိုင်ငံကို ရောက်နေတာဖြစ်ပါတယ်။
ဒါဟာ မိုဒီအတွက် ၇ နှစ်အတွင်းမှာ တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် လာရောက်တာဖြစ်ပြီး ရှီကျင့်ဖျင်နဲ့ သီးသန့်တွေ့ဆုံခဲ့ပါတယ်။ မိုဒီက ဟိမဝန္တာနယ်စပ်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ဖန်တီးဖို့လည်း ဆွေးနွေးခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်က ဟိမဝန္တာနယ်စပ်မှာ စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားခဲ့ပြီး ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ အေးစက်ခဲ့တာဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ်ကတည်းက အိန္ဒိယ-တရုတ် တိုက်ရိုက်လေကြောင်းပြေးဆွဲမှု ရပ်နည်းခဲ့ပြီး လေကြောင်းပြေးဆွဲမှုတွေ ပြန်လုပ်မယ်လို့လည်း မိုဒီက ထပ်မံပြောထားပါတယ်။
မိုဒီနဲ့ ရှီတို့ရဲ့ တွေ့ဆုံမှုဟာ ရုရှားရေနံတွေ ဝယ်ယူနေတဲ့ အိန္ဒိယနိုင်ငံကို အခွန် ၅၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့ပြီးနောက် ၅ ရက်အကြာမှာ အခုလို တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံအပေါ် အခွန်တိုးမြှင့်သတ်မှတ်မှိုကို တရုတ်က ဆန့်ကျင်ပြီး အိန္ဒိယနဲ့အတူ ရပ်တည်မယ်လို့ တရုတ်သံတမန်က ဒီလထဲမှာ ပြောထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ အိန္ဒိယကို ဩဂုတ်လ အလယ်အပတ်ခရီးစဉ်မှာ မြေတူးစက်၊ ဓာတ်မြေဩဇာနဲ့ မြေရှာသတ္တုတင်ပို့ခြင်း ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးဖို့ သဘောတူခဲ့တာလည်း တွေ့ရပါတယ်။
အမေရိကန်နိုင်ငံဟာ တရုတ်နိုင်ငံကို ဒေသတွင်း ထိန်းညှိပေးနိုင်မဲ့ အင်အားအဖြစ် ၁၀ စုနှစ်များစွာ ကြိုးပမ်းမှုပြုလုပ်ခဲ့ပေမဲ့ အိန္ဒိယ-တရုတ်ဆက်ဆံရေး ပြန်ကောင်းလာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက တိဗက်မှာရှိတဲ့ ဘုရားတွေကို အိန္ဒိယဘုရားဖူးတွေ လာရောက်ခွင့်ပြုခဲ့ပြီး ၂ နိုင်ငံစလုံးက ခရီးသွား ကန့်သတ်ချက်တွေကို ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters