Home
နိုင်ငံတကာ
ဓားစာခံအားလုံး လွတ်မြောက်ရန် ဆွေးနွေးမည်ဟု နေတန်ယာဟု ပြော
DVB
·
August 22, 2025
Photo: Reuters

အစ္စရေးအတွက် လက်ခံနိုင်လောက်တဲ့ စည်းကမ်းချက်မျိုးနဲ့ ဂါဇာစစ်ပွဲ အဆုံးသတ်ရေးနဲ့ ကျန်ရှိဓားစာခံအားလုံး လွှတ်ပေးရေး ဆွေးနွေးဖို့ ညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။

နိုင်ငံတကာနဲ့ ပြည်တွင်းက ဆန့်ကျင်မှုတွေ ရှိပေမဲ့ ဂါဇာမြို့ မြောက်ဘက်နယ်မြေတွေကို ကြီးမားတဲ့ တိုက်ခိုက်မှုအတွက် ဝန်ကြီးအဖွဲ့က အတည်ပြုချက် ပေးထားပြီးဖြစ်တဲ့အကြောင်း နေတန်ယာဟုက အစ္စရေးတပ်ဖွဲ့တွေကို ကြာသပတေးနေ့က ပြောထားပါတယ်။

ဖျန်ဖြေရေးနိုင်ငံတွေဖြစ်တဲ့ ကာတာနဲ့ အီဂျစ်တို့ တနင်္ဂလာနေ့က ဖော်ပြခဲ့တဲ့ ရက် ၆၀ အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်ကို ဟားမတ်စ်ကတော့ သဘောတူထားပါတယ်။

ကာတာနိုင်ငံကတော့ ဂါဇာမှာ ကျန်ရှိနေတဲ့ ဓားစာခံတွေရဲ့ တဝက်ကို လွှတ်ပေးဖို့ ဆန္ဒရှိနေတာ တွေ့ရပါတယ်။

ဒါပေမဲ့ နေတန်ယာဟုက ဒီသဘောတူညီချက်ကို လက်မခံခဲ့ပါဘူး။ ကြာသပတေးနေ့ ဗွီဒီယို ကြေညာချက်မှာ နေတန်ယာဟုက “ကျနော်တို့ရဲ့ ဓားစာခံတွေအားလုံး လွှတ်ပေးဖို့ ဆွေးနွေးတာကို စတင်ဖို့ ချက်ချင်းညွှန်ကြားထားခဲ့ပါတယ်။ ဂါဇာမြို့ကို ထိန်းချုပ်ဖို့နဲ့ ဟားမတ်စ်တွေကို အနိုင်ယူဖို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ခံဖို့ ကျနော်လာတာပါ။ အဲဒီမှာ ဟားမတ်စ်တွေကို အနိုင်ယူဖို့နဲ့ ကျနော်တို့ ဓားစာခံတွေအားလုံးကို လွှတ်ပေးဖို့ ကိစ္စ ၂ ခု ရှိပါတယ်။ ဒီ ၂ ခုကို လက်တွဲပြီး လုပ်ဆောင်ရမှာပါ” လို့ ပြောပါတယ်။

နောက်တဆင့် ဆွေးနွေးဖို့ လိုအပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ နေတန်ရာဟုက အသေးစိတ် ပြောဆိုခဲ့တာမျိုး မရှိပါဘူး။

ဒီတပတ် အစ္စရေး တရားဝင်ပြောဆိုချက်မှာ ဓားစာခံအချို့ လွှတ်ပေးရေး အပါအဝင် အပစ်အခတ် ရပ်စဲရေးလည်း ပါဝင်ပါတယ်။

နေတန်ရာဟုဟာ ညှိနှိုင်းပေးတဲ့ နိုင်ငံတွေရဲ့ အစီရင်ခံစာတွေကို သဘောမတူကြောင်းနဲ့ သဘောတူညီမှုတွေကို ပိတ်ဆို့ဟန့်တားနေကြောင်း ဟားမတ်စ်က ဗုဒ္ဓဟူးနေ့မှာ စွပ်စွဲခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

သဘောတူညီချက် တခုသာရှိပြီး အဲဒါက ဓားစာခံတွေအားလုံး ပြန်လွှတ်ပေးရမှာ ဖြစ်တယ်လို့ နေတန်ယာဟုက ပြီးခဲ့တဲ့ စနေနေ့က ပြောခဲ့ပါတယ်။ အဲဒီအထဲမှာ ဟားမတ်စ်အဖွဲ့ ဖျက်သိမ်းဖို့၊ ဂါဇာရဲ့ နယ်နိမိတ်တွေကို အစ္စရေးတို့ ထိန်းချုပ်ဖို့၊ ဂါဇာမှာ စစ်ပုံသွင်းဖို့၊ ဟားမတ်စ်နဲ့ ပါလက်စတိုင်းတို့ မဟုတ်တဲ့ အစိုးရအဖွဲ့ ထူထောင်ဖို့တွေ ပါဝင်ပါတယ်။

၂၂ လကြာ စစ်ပွဲကာလမှာ ဓားစာခံ ၅၀ အနက် ၂၀ က အသက်ရှင်ကျန်ရစ်မယ်လို့ အစ္စရေးက ယုံကြည်နေပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013