
အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရက်ရ်ှထရာပြည်နယ်မှာ မိုးသည်းထန်ရွာသွန်းမှုကြောင့် အများအပြား ပျက်စီးခဲ့ပြီး သြဂုတ် ၁၉ ရက်မှာ မြေကျွံတာနဲ့ ရေကြီးရေလျှံတွေ ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၄ ယောက် သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
နိုင်ငံရဲ့စီးပွားရေးမြို့တော် မွမ်ဘိုင်းမှာ ဆိုးဆိုးရွားရွား မြေကျွံပြီး ရေကြီးရေလျှံလို့ သွားလာရခက်ခဲပြီး မြင့်တက်လာတဲ့ ဂိုဒါဗာရီမြစ်ကြောင့် နန်ဒဒ်ခရိုင်မှာ ရေလွှမ်းမိုးခဲ့ပြီး နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရတာကြောင့် ဒေသခံတွေ လမ်းတွေပေါ် ထွက်နေခဲ့ရပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ကမ်းရိုးတန်းခရိုင် အများအပြားမှာ လာမယ့် ၂၄ နာရီအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ရေကြီးမှု သတိပေးချက် အိန္ဒိယ မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။
အိန္ဒိယနိုင်ငံရဲ့ လယ်ယာမြေထက်ဝက်နီးပါးဟာ ဆည်ရေ မရရှိတဲ့အတွက် နှစ်စဉ် မိုးရေချိန် ၇၅ ရာခိုင်နှုန်းလောက်ကို ယူဆောင်လာတဲ့ မုတ်သုံရာသီက အရေးကြီးပါတယ်။
ဒါပေမဲ့ မိုးအလွန်အကျွံ ရွာသွန်းခြင်းကနေ ရေကြီးရေလျှံတာ၊ မြေကျွံတာတွေ ဖြစ်ပေါ်စေပြီးတော့ ရေနုတ်မြောင်းစနစ် မလုံလောက်ခြင်းကြောင့် ပိုမိုဆိုးရွားလာတာ ဖြစ်ပါတယ်။
Source: Reuters