Home
မြန်မာသတင်း
စမွတ်စခွန်းတွင် တရားမဝင်စာသင်ပေးနေသည့် မြန်မာဆရာမ ၁ ဦး အဖမ်းခံရ 
DVB
·
August 18, 2025
Photo: POLICETV

ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်စခွန်းခရိုင်ထဲမှာ တရားမဝင် စာသင်ခန်းဖွင့်ပြီး ကလေးတွေကို စာသင်ပေးတဲ့ မြန်မာကျောင်းဆရာမတယောက် ဖမ်းဆီးခံရတယ်လို့ Police TV ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာ ခွင့်ပြုချက်မရဘဲ အလုပ်ဝင်လုပ်နေတဲ့ နိုင်ငံခြားသားတွေနဲ့ ထိုင်းနိုင်ငံသားတွေသာ လုပ်ခွင့်ရှိတဲ့ အလုပ်ကို ဝင်လုပ်နေသူတွေကို နှိမ်နင်းနေတာမှာ ဩဂုတ် ၁၄ ရက်က စမွတ်စခွန်းမြို့၊ ဒေါက်ကပွေးရပ်ကွက် အိမ်အမှတ် ၅၃/၁၃ ကို သတင်းအရ သွားရောက်စစ်ဆေးခဲ့တယ်လို့ စမွတ်စခွန်းခရိုင် လဝကရဲမှူး ပိုချတ်ချိုင်းဆုကဝပ်က သတင်းထောက်ကို ပြောပါတယ်။

အဆိုပါတိုက်ခန်းမှာ စာသင်ခန်းဖွင့်ထားပြီး Grade-1 အဆင့် ကလေး ၁၀၀ လောက် စာသင်နေတယ်၊ ကလေးတယောက်ကို သင်တန်းကြေး ဘတ် ၁,၅၀၀ မှ ၂,၀၀၀ ထိ ပေးရတယ်၊ အဲဒီငွေတွေဟာ DTIC ဖောင်ဒေးရှင်းရဲ့ ဘဏ်အကောင့်ထဲကို သွင်းရတယ်၊ ဒါပေမဲ့ စာသင်ခန်း တရားဝင်ဖွင့်လှစ်ခွင့် တောင်းခံထားတာ မှတ်ပုံတင်ထားတာ မရှိဘူးလို့ ဆိုပါတယ်။

သင်ကြားပြသသူ အသက် ၄၈ နှစ်အရွယ် ဆရာမဟာ မြန်မာအမျိုးသမီးတယောက်ဖြစ်ပြီး သူ့မှာ အခြေခံအလုပ်သမားမှတ်ပုံတင်ကတ်ပဲ ရှိပေမဲ့ ဆရာမလုပ်ပိုင်ခွင့် မရှိတာကြောင့် သူ့ကို  ခွင့်ပြုချက်မရှိတဲ့ အလုပ်မှာ ဝင်ရောက်လုပ်ကိုင်မှု၊ တာဝန်ရှိသူတွေကို မဟုတ်မမှန် အချက်အလက်တွေ တင်ပြမှုတွေနဲ့ အရေးယူသွားမယ်လို့ စမွတ်စခွန်း လဝကရဲမှူးက ပြောပါတယ်။

Source: POLICETV

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013