
သေဆုံးသူဟာ အသက် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသား ခွန်ကျော်သူ ဆိုသူဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်တယောက်က သူ့ကို အလုပ်ခွင်ကုန်းစောင်းကြားတခုမှာ ကားနဲ့အတူ ပြုတ်ကျနေတာကို တွေ့ခဲ့ရလို့ ဆေးရုံကိုပို့ခဲ့ပြီးနောက်ပိုင်း သေဆုံးတာကို ဆေးရုံက အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
သူဟာ အနီးအနားက မြက်ခြောက်တွေနဲ့ တခြားပစ္စည်းတွေကို Forklift နဲ့ သယ်ယူရင်း နောက်ပြန်မောင်းနှင်နေတုန်း အမှားအယွင်းဖြစ်တိမ်းမှောက်တာလို့ သုံးသပ်ကြပြီး ရဲတပ်ဖွဲ့ကတော့ ဖြစ်စဉ်ကို စုံစမ်းနေပါတယ်။
ပြီးခဲ့တဲ့ ၁၀ လအတွင်း လုပ်ငန်းခွင်မှာ မြန်မာနိုင်ငံသားသေဆုံးတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလကလည်း Niigata စီရင်စုမှာ ရေပိုက်ပြုပြင်လုပ်ငန်းက နည်းပညာ အလုပ်သင် သင်တန်းသား အသက် ၂၀ အရွယ် ကိုနိုင်မင်းထွန်း ဆိုသူရဲ့ ဦးခေါင်းကို နတ်စင်ကျောက်တိုင်ပြိုကျ ထိမှန်လို့ သေဆုံးခဲ့ပါသေးတယ်။
ဇော်ဇော်လှိုင်