
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ဟာ ဩဂုတ် ၁၅ ရက်မှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ အလာစကာမှာ စစ်ပွဲအဆုံးသတ်ရေး ညှိနှိုင်းဆွေးနွေးမယ်လို့ ထရမ့်ပ်က သြဂုတ် ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးအပါအဝင်အဖွဲ့တွေဟာ ၃ နှစ်ကြာ ပဋိပက္ခကို ဖြေရှင်းနိုင်မယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို နီးစပ်နေပြီလို့ ပြောလိုက်ပြီးနောက်မှာ ထရမ့်ပ် က ဆိုရှယ်မီဒီယာပေါ်မှာ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။
သောကြာနေ့အစောပိုင်းက အိမ်ဖြူတော်မှာ သတင်းထောက်တွေကို မိန့်ခွန်းပြောကြားရာမှာ ထရမ့်ပ်က သဘောတူညီချက်မှာ ၂ ဖက်စလုံးကို ပိုကောင်းအောင်လုပ်ဖို့ နယ်မြေဖလှယ်တာတွေ ရှိလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲကို ရပ်တန့်စေမယ့် သဘောတူညီချက်ကို ရဖို့က ရုရှားရဲ့စစ်ရေးကျူးကျော်မှုအတွင်း မော်စကိုက သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ဆက်ချုပ်ကိုင်ထားဖို့ကို အမေရိကန်နဲ့ ရုရှားတို့က ရည်ရွယ်ထားကြောင်း သောကြာနေ့ အစောပိုင်း ဘလွန်းမ်ဘာ့ဂ် သတင်းမှာ ဆိုထားပါတယ်။
သဘောတူညီချက်အရ ဆိုရင် ရုရှားဟာ လက်ရှိ တိုက်ပွဲလမ်းကြောင်း တလျှောက် ခါဆွန်နဲ့ ဇာပိုရစ်ချ်ဇီးယား ဒေသတွေမှာ သူ့ရဲ့ထိုးစစ်တွေကို ရပ်တန့်မှာ ဖြစ်တယ်လို့ ဘလွန်းမ်ဘာ့ဂ် က ဆိုပါတယ်။
ထရမ့်ပ်ဟာ ဇန်နဝါရီလမှာ အိမ်ဖြူတော်ကို ပြန်ရောက်ကတည်းက ရုရှားနဲ့ဆက်ဆံရေးကို ပြုပြင်ဖို့ လုပ်ဆောင်ခဲ့ပြီး စစ်ပွဲကို အဆုံးသတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ လူသေဆုံးမှု အများဆုံး ယူကရိန်းနဲ့ ၃ နှစ်ခွဲကြာ ပဋိပက္ခကို အဆုံးသတ်ဖို့ ပူတင်မှ သဘောတူခြင်းမရှိဘူးဆိုရင် ရုရှားနဲ့ သူ့ရဲ့ပို့ကုန် ဝယ်ယူတဲ့နိုင်ငံတွေကို သောကြာနေ့မှာ စတင်ပြီး ပိတ်ဆို့မှုအသစ်တွေနဲ့ စည်းကြပ်ခွန်အသစ်တွေ ချမှတ်မယ်လို့ ထရမ့်ပ် က ခြိမ်းခြောက်ခဲ့ပါတယ်။
သောကြာနေ့ ညနေပိုင်းအထိတော့ အဲဒီပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှုတွေ အသက်ဝင်မလား၊ ဆိုင်းငံ့ထားမလား၊ ဖျက်သိမ်းမှာလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ထရမ့်ပ်ရဲ့ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် ဟာ သြဂုတ် ၆ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ ပူတင်နဲ့ ၃ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်ပါတယ် လို့ ၂ ဖက်စလုံးက ဖော်ပြခဲ့ပါတယ်။
Source : Reuters