
လက်ဘနွန်အစိုးရအဖွဲ့ဟာ ဩဂုတ် ၅ ရက်က လက်နက်တွေကို နိုင်ငံပိုင်တခုတည်းအဖြစ် ထိန်းချုပ်နိုင်မယ့် အစီအစဉ်တရပ်ကို အခုနှစ်မကုန်ခင် အပြီးသတ် ရေးဆွဲဆောင်ရွက်ဖို့ စစ်တပ်ကို တာဝန်ပေးလိုက်ပါတယ်။
လက်ဘနွန်နိုင်ငံသမ္မတအိမ်တော်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ဝန်ကြီးတွေဟာ ၆ နာရီနီးပါး အစည်းအဝေး လုပ်ခဲ့တာဖြစ်ပြီး ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ လက်နက်ဆိုင်ရာကို အစိုးရအဖွဲ့က ပထမဆုံးအကြိမ် ဆွေးနွေးခဲ့တာပါ။
ဒီဆုံးဖြတ်ချက်ဟာ မနှစ်က အစ္စရေးနဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအပြီးမှာ လက်နက်ချဖို့ ဖိတ်ခေါ်မှုတွေကို ငြင်းဆိုခဲ့တဲ့ ဟစ်ဇ်ဘိုလာအဖွဲ့အတွက် စိန်ခေါ်မှုတရပ်လည်း ဖြစ်နေပြီး လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ဩဇာအာဏာ အမြင့်ဆုံးမှာ ရှိနေချိန်က စိတ်တောင်မကူးခဲ့တဲ့ ကိစ္စလည်း ဖြစ်ပါတယ်။
နိဂုံးချုပ် ကြေညာချက်အရ ကက်ဘိနက်အဖွဲ့ဟာ နိုင်ငံအနှံ့အပြားရှိ လက်နက်တွေကို သီးခြား ပြည်နယ်လုံခြုံရေးတပ်ဖွဲ့ ၆ ခုဆီမှာ ထိန်းသိမ်းထားနိုင်မယ့် အစီအစဉ်ကို သေချာလုပ်ဆောင်ဖို့အတွက် လက်ဘနွန်စစ်တပ်ကို လုပ်ပိုင်ခွင့်ပြုထားကြောင်း ဝန်ကြီးချုပ် နာဝပ်ဖ် ဆလမ်က ပြောကြားပါတယ်။
အီရန် ကျောထောက်နောက်ခံပြုအဖွဲ့ဟာ လက်ဘနွန်ရှိ ပြိုင်ဘက်တွေနဲ့ ဟစ်ဇ်ဘိုလာအုပ်စုကို လက်နက်ဖြုတ်သိမ်းကြောင်းကို လက်ဘနွန်ဝန်ကြီးတွေက လူသိရှင်ကြား ကြေညာစေချင်နေတဲ့ ဝါရှင်တန်ရဲ့ ဖိအားပေးမှုတွေကို ရင်ဆိုင်နေရပြီး သူတို့ အဲဒီလိုမလုပ်ဘူးဆိုရင် လက်ဘနွန်ကို အစ္စရေးက တိုးမြှင့်တိုက်ခိုက်လာမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
Source: Reuters