
ရေနံတင်ပို့တဲ့ နိုင်ငံများအဖွဲ့ (OPEC) နဲ့ မဟာမိတ်နိုင်ငံများအဖွဲ့ OPEC+ ဟာ စက်တင်ဘာလမှာ တနေ့ကို ရေနံစည်ပေါင်း ၅၄၇,၀၀၀ (bpd) တိုးမြှင့်ထုတ်လုပ်မယ်လို့ ဩဂုတ် ၃ ရက်မှာ ကြေညာပါတယ်။
ဩဂုတ်လမှာ OPEC+ နိုင်ငံတွေဟာ သူတို့ရဲ့ နောက်ဆုံးထွက်ကုန် ဖြတ်တောက်မှုကို ဖြေလျှော့ဖို့ အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် တနေ့ကို ရေနံစည်ပေါင်း ၅၄၈,၀၀၀ တိုးမြှင့်ထုတ်လုပ်ခဲ့တာပါ။
ဆော်ဒီအာရေဗျ၊ ရုရှား၊ အီရတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ကူဝိတ်၊ ကာဇက်စတန်၊ အယ်လ်ဂျီးရီးယားနဲ့ အိုမန်နိုင်ငံတို့ အပါအဝင် အဖွဲ့ဝင်နိုင်ငံတွေရဲ့ တကမ္ဘာလုံးဆိုင်ရာ စျေးကွက်အခြေအနေနဲ့ အလားအလာတွေကို ပြန်သုံးသပ်ပြီး တနင်္ဂနွေနေ့က ဆုံးဖြတ်ချက်ချခဲ့တာလို့ OPEC ဝက်ဘ်ဆိုက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
တိုးတက်ပြောင်းလဲနေတဲ့ စျေးကွက်အခြေအနေတွေပေါ် မူတည်ပြီး ရေနံထုတ်လုပ်မှု တဖြည်းဖြည်း တိုးလာတာကို ခေတ္တရပ်ထားနိုင်သလို ပြောင်းပြန်ဖြစ်သွားနိုင်တယ်လို့လည်း သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
Source: Reuters