Home
မြန်မာသတင်း
Grade 5 ကျောင်းသူလေးကို မုဒိမ်းကျင့်ပြီးသတ်သည့် အမျိုးသားကို ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်
DVB
·
July 30, 2025

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် မုတ္တမတဖက်ကမ်း ကော့စိန်ကျေးရွာမှာ အသက် ၁၃ နှစ်အရွယ် Grade 5 ကျောင်းသူလေးတယောက်အား မုဒိမ်းကျင့်ပြီး လည်လှီးသတ်ဖြတ်ခဲ့တဲ့ အမျိုးသားကို ပုဒ်မ ၃၀၂၊ ပုဒ်မ ၃၇၆ နဲ့ ရဲတွေက အမှုဖွင့်ထားတယ်လို့ မြိုခံတွေဆီက သိရပါတယ်။

မော်လမြိုင်မြို့နယ် ကော့စိန်ရွာသစ်ကျေးရွာမှာ မေ ၂၆ ရက် မနက်က နေအိမ်ကနေ အုန်းသီးကောက်ဖို့ ထွက်သွားတဲ့ အသက် ၁၃ နှစ်ကျောင်းသူလေးတယောက် ပျောက်ဆုံးခဲ့ပြီး မိသားစုဝင်နဲ့ ဒေသခံတွေ လိုက်လံရှာဖွေကြရာ မေ ၂၇ ရက်မှာ အသတ်ခံလျက်အနေအထားနဲ့ အလောင်းကို ပြန်တွေ့ခဲ့တာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။

“ပျောက်တဲ့နေ့က လိုက်ရှာတာမတွေ့ဘူး၊ ၂၇ ရက်နေ့မနက်မှ  ကော့ပေါက်ကွင်းဘက်က လူမနေတော့တဲ့ အုန်းခြံထဲမှာ ဒေသခံတယောက်က ကလေးမလေးအလောင်းကို တွေ့တာ။ မုဒိမ်းကျင့်ပြီး လည်ပင်းတွေရော မျက်နှာနဲ့နှုတ်ခမ်းတွေပါ ဓားနဲ့လှီးပြီး သတ်ထားတာ။ အသတ်ခံရတဲ့ ကလေးမလေးက ဒီနှစ်မှ Grade 5 တက်မှာ” လို့ ပြောပါတယ်။

အမှုဖြစ်စဥ်အတွင်း သံသယရှိသူ အမျိုးသား ၂ ယောက်ကို ရဲတွေက ဖမ်းဆီးစစ်ဆေးခဲ့ရာ ဇူလိုင် ၁၇ ရက်မှာ အသက် ၃၂ နှစ်အရွယ် ကိုရန်နိုင်စိုးက မုဒိမ်းကျင့်ပြီး သတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တာကြောင့် ခရိုင်တရားရုံးကို တရားစွဲတင်ပို့ထားထားကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“သံသယရှိတဲ့ ၂ ယောက်ကို ခေါ်စစ်တာ။ တယောက်က သူလုပ်တာပါဆိုပြီး ဖြောင့်ချက်ပေးတယ်။ အတော်လူမဆန်တဲ့ မုဒိမ်းမှုပါ၊ ဒေသခံတွေဘက်က ထိုက်သင့်တဲ့ ပြစ်ဒဏ်ချဖို့ မျှော်လင့်နေကြတယ်။” 

လတ်တလောမှာ မော်လမြိုင်မြို့မရဲစခန်းက ပြစ်မှုကျူးလွန်သူ ရန်နိုင်စိုး (ခ) ကောင်ငယ်ကို (ပ) ၄

၉/၂၀၂၅ပုဒ်မ-၃၀၂/၃၇၆ အရ ခရိုင်တရားရုံးကို အမှုတွဲတင်ပို့ထားတယ်လို့ သိရပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013