Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ရှောင်စခန်း ၂ ခုကို ဆေးဝါး၊ လူသုံးကုန်နှင့် စားသောက်ကုန်များ လှူဒါန်း
DVB
·
July 28, 2025
Photo: ဒေသခံ
Photo: ဒေသခံ
Photo: ဒေသခံ
Photo: ဒေသခံ
Photo: ဒေသခံ
Photo: ဒေသခံ
Photo: ဒေသခံ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်း ၂ ခုကို CDM ကျောင်းအုပ် တီချယ်ပန်းနဲ့ ထိုင်းရောက် ပရဟိတမြန်မာလူငယ်တွေက ဆေးဝါးနဲ့ စားသောက်ကုန် ထိုင်းဘတ်ငွေ ၅၀,၀၀၀ ကျော်ဖိုး သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။

မိုးတွင်းကာလ အခက်အခဲဖြစ်နေကြတဲ့ ဒုက္ခသည်စခန်းတွေကို ပြည်သူအချင်းချင်း ကိုယ်ချင်းစာစိတ်နဲ့ စုပေါင်းလှူဒါန်းမှု ပြုလုပ်တာလို့ လှူဒါန်းခဲ့သူတွေက ဆိုပါတယ်။

CDM ကျောင်းအုပ် တီချယ်ပန်းနဲ့ ထိုင်းရောက် ပရဟိတမြန်မာလူငယ်များ ဆရာမတယောက်က “ပြည်သူမှ ပြည်သူသို့ လှူဒါန်းကူညီမှု စစ်ဘေးရှောင်စခန်း တနေရာနဲ့ ရေဘေးသင့် စစ်ရှောင်နေရာ နှစ်နေရာ မိသားစု ၁၈၀ စာအတွက် ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲ၊ မုန့်တွေနဲ့ အရေးပေါ်သုံး ဆေးဝါးပစ္စည်းတွေကို လာရောက်လှူဒါန်းပေးခဲ့တာ” လို့ ပြောပါတယ်။

ပစ္စည်းတန်ဖိုးကုန်ကျငွေ ထိုင်းဘတ်ငွေ ၅ဝ,ဝဝဝ ကျော်ဖိုး လှူဒါန်းခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ စုပေါင်းအားနဲ့ လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ သွားရောက်လှူဒါန်းမှုကို ဇူလိုင် ၂၇ ရက်က သွားရောက်လှူဒါန်းပေးခဲ့တာဖြစ်ပြီး လမ်းခရီးတလျှောက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာကြောင့် ခက်ခဲစွာ သွားရောက်လှူဒါန်းပေးခဲ့တာဖြစ်ကြောင်း သွားရောက်လှူဒါန်းခဲ့သူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013