
လေပြင်းတိုက်ခတ်မှုနဲ့ အပူချိန်မြင့်မားမှုကြောင့် အယ်လ်ဘေးနီးယားနိုင်ငံ တောင်ပိုင်းမှာ တောမီးလောင်ကျွမ်းခဲ့ပြီး ဒယ်လ်ဗီးနာ စည်ပင်နယ်မြေမှာ ဇူလိုင် ၂၇ ရက်က တောမီးကူးစက်မှု အမြန်ပျံ့နှံ့ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
မီးလောင်ကျွမ်းမှု တိုက်ဖျက်ဖို့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ၊ မြို့ပြ အရေးပေါ် အထောက်အကူပြုစခန်းက မီးသတ်သမားတွေနဲ့ Black Hawk ရဟတ်ယာဉ်တစင်းတို့ကို ဖြန့်ကျက် တာဝန်ချထားတယ်လို့ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
မကြာသေးမီရက်တွေအတွင်း အယ်လ်ဘေးနီးယားနိုင်ငံ တောင်ပိုင်းခရိုင်တွေမှာ တောမီးတွေ လောင်ခဲ့တာပါ။
ဘူချီဇာနဲ့ ကလော့စီ မတ်တီ ဒေသတွေက နေရာ ၂၀ ကျော်မှာ မီးလောင်ခဲ့ပြီး ထင်းရှူးတောတွေနဲ့ စားကျက်မြေ ဟက်တာရာပေါင်းများစွာ လောင်ကျွမ်းခဲ့တယ်လို့ ဇူလိုင် ၂၆ ရက်မှာ ဒေသဆိုင်ရာ မီဒီယာတွေက ဖော်ပြပါတယ်။
လေပြင်းတိုက်ခတ်မှုနဲ့ ပူပြင်းတဲ့ အပူချိန်တို့က တောမီးကူးစက်ဖို့ အထောက်အကူဖြစ်စေတဲ့ အကြောင်းရင်းတွေလို့လည်း ဖော်ပြခဲ့ပါတယ်။
ဇူလိုင် ၂၅ ရက်က ဒယ်လ်ဗီနာဒေသနားက တောမီးကြောင့် လူ ၃ ယောက် ဒဏ်ရာရခဲ့ပြီး ခန့်မှန်းခြေအားဖြင့် နေထိုင်သူ ၂,၀၀၀ လောက်ကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
Source: Reuters