Home
မြန်မာသတင်း
စစ်သင်္ဘောများ ကချင်ပြည်နယ်သို့ ဦးတည်၊ မြစ်ကမ်းဘေးများကို လက်နက်ကြီးဖြင့် ပစ်ခတ်
DVB
·
July 26, 2025

ဧရာဝတီမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီ စစ်သင်္ဘောတွေဟာ စစ်ကိုင်းတိုင်း ကသာမြို့ကနေ ကချင်ပြည်နယ်ဘက် တက်သွားပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၁၇ ရက်က ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော ၁၇ စီးဟာ ဇူလိုင် ၂၅ ရက်ညနေ ၃ နာရီဝန်းကျင်မှာ ကသာမြို့အောက်ဘက် တုန်းပေါရွာအနီး ဆိုက်ကပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်သင်္ဘောတွေ ကသာမြို့အနီး မဆိုက်ကပ်ခင် လေယာဉ် ၆ စီးက လုံခြုံရေးယူပေးခဲ့သလို သင်္ဘောတွေကလည်း မြစ်ကမ်းဘေးတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “လေယာဥ်နဲ့ ဗုံး ၅ လုံးကြဲချတယ်။ တုန်းပေါရွာအနီး နေအိမ်တလုံး မီးလောင်သွားတယ်။ ကသာမြို့အရှေ့ဘက်ကမ်းမှာတော့ ဝက် ၃ ကောင်ထိမှန်တယ်” လို့ DVB ကို ပြောပါတယ်။

အဲဒီစစ်သင်္ဘောတွေဟာ ကသာမြို့မှာ ညအိပ်ရပ်နားပြီး ဒီနေ့ ဇူလိုင် ၂၆ ရက် မနက် ၉ နာရီမှာ ကသာမြို့အထက် ရွှေကူ၊ ဗန်းမော်မြို့တွေဆီ ဆက်လက်ဆန်တက်သွားတယ်လို့ သိရပါတယ်။

ဒေသခံ နောက်တယောက်ကလည်း “မနေ့က သူတို့တွေ ကမ်းကပ်ဖို့လာတော့ ကြဲတာ။ ၆ စီး လုံခြုံရေးယူပေတယ်။ ဒီနေ့ မနက်တော့ မကြဲဘူး။ Y12 တစီးပဲ ပျံဝဲလုံခြုံရေးယူတယ်” လို့ ပြောပါတယ်။

အဲဒီစစ်သင်္ဘောတွေဟာ ဇူလိုင် ၂၄ ရက်က ထီးချိုင့်မှာ တညအိပ်ပြီး လက်နက်ခဲယမ်း ဖြည့်တင်းတယ်လို့ သိရပါတယ်။

စစ်သင်္ဘောတွေဟာ မန္တလေး ဂေါဝန်ဆိပ်ကမ်းကနေ ဇူလိုင် ၁၇ ရက်က ဆန်တက်လာတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013