
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ကမ်းရိုးတန်းပတ်ဝန်းကျင်မှာ တိုက်ခိုက်ရေးတပ်ဖွဲ့ တွေကို စီစဉ်နေရာချထားမှုကို စစ်ဆေးဖို့နဲ့ မမျှော်လင့်ထားတဲ့ ရန်သူ့ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ အမြောက်ပစ်ခတ်မှု လေ့ကျင့်ရေးနေရာကို ဇူလိုင် ၂၃ ရက်က ကြီးကြပ် ကြည့်ရှုခဲ့တယ် လို့ နိုင်ငံပိုင်သတင်းဌာန KCNA က ဖော်ပြပါတယ်။
ဇူလိုင် ၂၄ ရက်မှာ နိုင်ငံပိုင်ရုပ်သံလိုင်း KRT မှ ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာ ကင်မ်ဂျုံအန်းဟာ စစ်ဘက်အရာရှိတွေနဲ့အတူ စစ်ရေးလေ့ကျင့်မှုကို ကြည့်ရှုနေပြီး စစ်သားတွေကလည်း အမြောက်လက်နက်ထဲကို အမြောက်ကျည်တွေ ထည့်သွင်းကာ ပစ်ခတ်ကြပုံတွေကို ပြထားပါတယ်။
ခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ စစ်သားတွေနဲ့လည်း တွေ့ဆုံကာ စကားပြောဆိုခဲ့ပါတယ်။
Source:Reuters