
အမျိုးသမီးအရာရှိတွေချည်း ပါဝင်တဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားနိုင်ငံကို သွားရောက်ဖို့ ပြုံယမ်းကနေ ထွက်ခွာသွားကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ဇူလိုင် ၂၂ ရက်မှာ ထုတ်လွှင့်သွားပါတယ်။
မြောက်ကိုရီးယားရဲ့ တရားဝင်သတင်းအေဂျင်စီ KCNA မှ ပေးလာတဲ့ ဗီဒီယိုဖိုင်ထဲမှာ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အလက်ဇန်ဒါ မတ်ဆေဂိုရာနဲ့ ပြုံယမ်း တာဝန်ရှိသူတွေဟာ ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီဌာန ညွှန်ကြားရေးမှူး ကင်မ်ဂျုံဆန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဇူလိုင် ၂၁ ရက်မှာ လိုက်ပါပို့ဆောင်နေပုံကို မြင်တွေ့ရပါတယ်။
KCNA မီဒီယာဟာ အမျိုးသမီး ကိုယ်စားလှယ်အဖွဲ့ရဲ့ ရှားရှားပါးပါး ခရီးစဉ်ရဲ့ ရည်ရွယ်ချက် သို့မဟုတ် အချိန်ဇယားကိုတော့ အသေးစိတ် မဖော်ပြထားပါဘူး။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ခဲ့တဲ့ ယူကရိန်းစစ်ပွဲကာလအတွင်း ရုရှားနဲ့ မြောက်ကိုရီးယားအကြား ဆက်ဆံရေးက နက်ရှိုင်းလာခဲ့ပြီး ပြုံယမ်းဟာ သူ့ တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကျော်ကို ရုရှားနိုင်ငံကို စေလွှတ်ခဲ့ပြီး မော်စကိုရဲ့ စစ်ရေးလှုပ်ရှားမှုကို အားဖြည့်ပေးခဲ့တာ ဖြစ်ပါတယ်။
Source:Reuters