ရှမ်းပြည်နာ်မြောက်ပိုင်း၊ သိန္နီမြို့မှာ ဇူလိုင် ၂၃ ရက်မနက် ၁၁ နာရီလောက်စပြီး ဓာတ်ဆီဆိုင်မီးလောင်ပြီး မိသားစု ၅ ယောက် ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ လူငယ်တယောက်က "အပူချိန် လွန်ကဲပြီး မီးလောင်တာ။ နေအိမ် ၂ အိမ် ပျက်စီးတယ်။ ပန့်ဆိုင်က ဆီတိုင်ဂီ ပေါက်တာလို့လည်း ပြောနေကြတယ်။ မြို့ဦး ဆီဆိုင် လောင်တာ။ ဆိုင်ရှင် မိသားစုဝင် ၅ ဦး ပျောက်နေတယ်" လို့ ပြောပါတယ်။
မီးသတ်ကားတွေလာရောက်မီးငြှိမ်းသတ်နေပြီး မီးလောင်နေတဲ့ဘက် လမ်းတွေပိတ်ထားတယ်လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
"ကျနော်ဆီ ပုံမှန်ထည့်နေကျ သိန္နီကဆီဆိုင် မီးလောင်သွားတာ။ သူတို့ ဆိုင်က ဆီ အရည်အသွေးကောင်းတယ်။ အခုတော့ မီးလောင်သွားပြီ။"
သိန္နီမြို့ကို မြောက်ပိုင်းမဟာမိတ်ညီနောင်ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့ကာ MNDAA က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။