
အောင်စာရင်းတွေကို သက်ဆိုင်ရာမြို့နယ်အသီးသီးက စာစစ်ဌာနကျောင်းတွေမှာ တချိန်တည်း ကပ်ထားမှာဖြစ်သလို အဲဒီနေ့ မနက် ၄ နာရီကစပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ဝက်ဘ်ဆိုက်ဖြစ်တဲ့ www.myanmarexam.orgကနေလည်း ဝင်ရောက်ကြည့်ရှုနိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ဝေးလံတဲ့ဒေသတွေက စာစစ်ဌာနတွေနဲ့ အင်တာနက်အဆက်အသွယ်ကောင်းကောင်းမရတဲ့ စာစစ်ဌာနတွေရဲ့ အောင်စာရင်းတွေကိုတော့ မြန်မာ့အသံရေဒီယိုအစီအစဉ်ကနေ အဲဒီနေ့မှာ ကြေညာမယ်လို့ ဆိုပါတယ်။
အောင်စာရင်းနဲ့ပတ်သက်ပြီး မရှင်းလင်းတာတွေရှိရင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဖုန်းနံပါတ် ၀၁-၆၅၃၅၀၉ ကို အောင်စာရင်းထုတ်ပြန်ကြေညာမယ့် ဇူလိုင် ၂၇ ရက်နေ့မှာ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်တယ်လို့လည်း စစ်ကောင်စီဩဇာခံ ပညာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ထားပါတယ်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား ကျောင်းသူ ၂ သိန်းကျော် ဖြေဆိုခဲ့ပြီး စစ်ကိုင်းငလျင်ကြောင့် မန္တလေးတက္ကသိုလ်မီးလောင်ရာမှာ ဖြေဆိုသူ ၆ သောင်းကျော်ရဲ့ အဖြေလွှာတွေ ပျက်စီးခဲ့ပါတယ်။
ဒါကြောင့် အဲဒီကျောင်းသား ကျောင်းသူတွေဟာ ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်ကနေ ၂၁ ရက်ထိ စာမေးပွဲ ပြန်ဖြေခဲ့ကြရပါတယ်။