
ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ကွမ်နင်းပြည်နယ် ဟာလောင်းပင်လယ်အော်မှာ အပျော်စီးသင်္ဘော နစ်မြုပ်ပြီးတဲ့နောက် စနေနေ့ မွန်းလွဲပိုင်းအထိ သေဆုံးသူ ၃၈ ယောက်ရှိလာတယ်လို့ ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။
ဒေသထဲမှာ ရုတ်တရက်မိုးကြိုးမုန်တိုင်းတိုက်ခတ်ခဲ့လို့ သင်္ဘောတိမ်းမှောက်ခဲ့တာပါ။
သင်္ဘောပေါ်မှာ ခရီးသည် ၄၈ ယောက်နဲ့ အမှုထမ်း ၅ ယောက်တို့အပါအဝင် လူပေါင်း ၅၃ ယောက် လိုက်ပါလာတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။
သင်္ဘောတိမ်းမှောက်ပြီးတဲ့နောက် ကွမ်နင်းပြည်နယ်ဒေသန္တရအာဏာပိုင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေကို ချက်ချင်းလုပ်ဆောင်ခဲ့ပြီး ခုအချိန်အထိ လူ ၁၂ ယောက်ကို ကယ်ဆယ်နိုင်ခဲ့သလို ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေကိုလည်း ဆက်လုပ်နေပါတယ်။