
အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ရာဂျက်စ်သန်ပြည်နယ်ရှိ အာ့ဂျ်မာရ်မြို့မှာ ဇူလိုင် ၁၉ ရက်က အဆက်မပြတ် သည်းသည်းထန်ထန် ရွာချခဲ့တဲ့ မိုးကြောင့် ရေလွှမ်းမိုးမှု ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။
အဲဒီဒေသဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ မိုးရေချိန် ၈ လက်မကနေ လက်မ (၂၀ စင်တီမီတာကနေ ၂၂.၉ စင်တီမီတာ) ရရှိခဲ့တဲ့အတွက် ရေအရမ်းများတယ်လို့ အာ့ဂျ်မာရ် မြို့တော်ကော်ပိုရေးရှင်းက အင်ဂျင်နီယာချုပ် ဗီနော့ဒ်မနိုဟာက ပြောပါတယ်။
ဗာရွန်ဆာဂါရေကန်လို့ လူသိများတဲ့ မြို့တော်ရှိ လူလုပ်ရေကန်မှာ ရေတွေ လျှံတက်လာခဲ့ပြီး ရေကန် အနီးတဝိုက်မှာ ရေလွှမ်းမိုးမှုတွေ ရှိနေတာကို ဒရုန်းရိုက်ကူးမှုကနေ မြင်တွေ့ရပါတယ်။
ရေကန်ကနေ ရေတွေလျှံတက်လာတဲ့အတွက် ကန်ထဲကနေ နောက်ထပ် စွန့်ပစ်ရေတွေ ထပ်ထွက်လာတယ်လို့ အာ့ဂျ်မာရ် မြို့တော်ကော်ပိုရေးရှင်းမှ အင်ဂျင်နီယာချုပ် ဗီနော့ဒ်မနိုဟာက ပြောပါတယ်။
ကယ်ဆယ်ရေးသမားတွေက လူတွေကို ရွှေ့ပြောင်းပေးနေပြီး ရေစီးဆင်းမှုကို ဟန့်တားနိုင်ဖို့အတွက် လမ်းတလျှောက်မှာ သဲအိတ်တွေ ချထားရပါတယ်။
အမည်မသိ ဒေသခံတယောက်ကတော့ အခြေအနေက အရမ်းစိုးရိမ်ရကြောင်း ပြောပါတယ်။ မိုးရွာတိုင်း ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ကုန်ပြီး အုပ်ချုပ်ရေးပိုင်းကိုလည်း အကြိမ်ကြိမ် အကြောင်းကြားထားတယ်လို့ ပြောဆိုပါတယ်။
ရေမျက်နှာပြင်က ၃ ပေ (၉၁ စင်တီမီတာ) ဝန်းကျင်လောက်ရှိနေပြီး အုပ်ချုပ်ရေးပိုင်းမှ အရေးယူဆောင်ရွက်ပေးခြင်းမရှိဘူးလို့လည်း ဆိုပါတယ်။
အိန္ဒိယနိုင်ငံ မိုးလေဝသဌာနက မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း သတိပေးထားတယ်လို့ ဒေသတွင်းသတင်းတွေမှာ အစီရင်ခံထားပါတယ်။
Source: Reuters