Home
မေးမြန်းခန်း
ဗိုလ်ချုပ်မျှော်မှန်းခဲ့သည့် နိုင်ငံမျိုးဖြစ်ရေး ဝိုင်းဝန်းကြိုးစားရန် အာဏာသိမ်းစစ်ခေါင်းဆောင်ပြော
DVB
·
July 19, 2025

မြန်မာနိုင်ငံကို ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ နိုင်ငံဖြစ်အောင် ဗိုလ်ချုပ်အောင်ဆန်းက မျှော်မှန်းခဲ့ပြီး ဒီမျှော်မှန်းချက်ဖြစ်အောင် နိုင်ငံသားအားလုံး ဝိုင်းဝန်ကြိုးစားကြရမယ်လို့  တိုင်းပြည်အာဏာကို မတရားသိမ်းယူထားတဲ့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ နစက ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ကောင်စီရဲ့ မီဒီယာတွေမှာ အခုလို ပြောခဲ့တာပါ။

“ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီးတော့မှ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် ကြိုးစားသွားတော့ လွတ်လပ်ရပြီးတဲ့အချိန်မှာလည်း မြန်မာနိုင်ငံကို ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ နိုင်ငံတခုအဖြစ် သွားနိုင်ဖို့ ဗိုလ်ချုပ်မျှော်မှန်းခဲ့တယ်ဆိုတာ ဗိုလ်ချုပ်ရဲ့ ပြောကြားချက်တွေမှာ အများကြီး ပါပါတယ်။ ဒါကို လက်ရှိ ရှိနေတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအားလုံး ဝိုင်းဝန်းကြိုးစားရမှာဖြစ်တယ်။ ဒီလို ဝိုင်းဝန်းကြိုးစားတဲ့အခါမှာလည်း အားလုံးညီညီညွတ်ညွတ်နဲ့ တိုင်းပြည်ကို တကယ်ကောင်းအောင် လုပ်မယ်ဆိုတဲ့စိတ်နဲ့ လုပ်ကြတာကောင်းပါတယ်။” 

ဒီလိုလုပ်တဲ့နေရာမှာ စည်းကမ်းရှိတဲ့ စနစ်မျိုးဖြစ်ဖို့လိုပြီး စည်းမဲ့ကမ်းမဲ့လုပ်ရင် တိုင်းပြည်အတွက် အန္တရာယ်ရှိတယ်လို့လည်း ပြောပါတယ်။

“ဗိုလ်ချုပ်တို့က အသက်စွန့်ပြီးတော့မှ အသက်ပေးပြီးတော့မှ လုပ်သွားကြတာ။ ဒီပြင် တိုင်းပြည်ရဲ့ တန်ဖိုးက လွတ်လပ်ရေးပါပဲ။ နောက်တခါ ဖွံ့ဖြိုးတိုးတက်ရေးပေါ့။ ဒါတွေရှိတယ်။ သို့သော်လည်း စည်းနဲ့ကမ်းနဲ့ဖြစ်တဲ့ စနစ်မျိုးတော့ ဖြစ်ဖို့လိုပါတယ်။ ဒီလို မဟုတ်ဘဲနဲ့ စည်းမဲ့ကမ်းမဲ့နဲ့ လုပ်မယ်ဆိုရင်တော့ ကျနော်တို့တိုင်းပြည်အတွက် အန္တရာယ်လည်း ရှိပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ လမ်းကြောင်းအတိုင်း တိုင်းသူပြည်သားအားလုံး၊ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်လုပ်ကိုင်သွားကြဖို့ လိုပါတယ် " လို့ တိုင်းပြည်အာဏာကို မတရားသိမ်းထားသူက ပြောပါတယ်။

ဒီနေ့ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ၅ နှစ်ဆက်တိုက် တက်ရောက်ခွင့်မရခဲ့ပြန်ပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013