
စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ အသင်းမှာဆက်ရှိဖို့ မသေချာကြောင်း နည်းပြ သော မက်စ်ဖရန်ခ်က ပြောသွားပါတယ်။
တောင်ကိုရီးယားတိုက်စစ်မှူးဟာ စပါးအသင်းဟာ ၁၀ နှစ်ကြာ ပါဝင်ကစားထားသူဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ တိုက်စစ်မှူး ဟယ်ရီကိန်း အသင်းပြောင်းရွှေ့သွားပြီး နောက် အသင်းခေါင်းဆောင်သစ် ဖြစ်လာခဲ့သူပါ။
ခြေစမ်းပွဲစဉ်တွေမှာ ဆွန်ဟောင်မင်နဲ့ ရိုမဲရိုးတို့က အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူမှာဖြစ်ပေမဲ့ လာမယ့်ရာသီသစ်အတွက် အသင်းခေါင်းဆောင်သစ်ကို တရားဝင် မခန့်အပ်ရသေးကြောင်းလည်း နည်းပြဖရန့်ခ်က ပြောပါတယ်။
ဆွန်ဟောင်မင်ဟာ စပါးနဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်အတွင်း ရောက်ရှိနေသူဖြစ်ပြီး အနာဂတ်ကိစ္စကို စပါးအသင်းကပဲ ဆုံးဖြတ်ချက်ချမှာ ဖြစ်ကြောင်း နည်းပြဖရန့်ခ်က ပြောပါတယ်။ စပါးအသင်းဟာ လာမယ့်လအတွင်းမှာ အာရှခရီးစဉ် ရှိနေပြီး ဟောင်ကောင်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ ခြေစမ်းပွဲတွေ ကစားဖို့ရှိပါတယ်။
Photo:Reuters