
ရန်ကုန်မြို့လယ်က လမ်းတချို့မှာ ဂျိုးဖြူရေ ပုံမှန်မရတာ လနဲ့ချီရှိလာတာကြောင့် ရေသုံးစွဲဖို့ အခက်ကြုံနေကြရတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရသူတွေဆီက သိရပါတယ်။
“ရေက ညအချိန်မတော်မှရလို့ အိပ်နေရင်း ထတင်ရတဲ့ ဒုက္ခက နေ့တိုင်းဖြစ်နေတာ။ တခြားလမ်းက တိုက်တွေဆို ရေလုံးဝမရဘူး။ ဖြစ်နေတာ တလလောက်ရှိပြီ။”
ဂျိုးဖြူရေ အခက်အခဲရှိတာကြောင့် သောက်ရေအတွက်တင်မကဘဲ သုံးရေကိုပါ ဝယ်သုံးနေကြရတယ်လို့ ကိုယ်တိုင်ကြုံရသူ ၂၇ လမ်းမှာ နေထိုင်တဲ့ မြို့ခံတယောက်က ပြောပါတယ်။
“သုံးရေတပုံးတောင် ၁၀၀၀ လောက် ပေးသုံးနေရတယ်။ အထပ်မြင့်သမားတွေ ပိုခံရတယ်၊ စည်ပင်ကိုမေးတော့လည်း ရေရေရာရာမပြောဘူး။”
အဲဒီလို ဂျိုးဖြူရေ ပုံမှန်မရတဲ့ အခြေအနေကို မြို့တွင်းမြို့နယ်တွေအပြင် သင်္ဃန်းကျွန်းနဲ့ ဒဂုံလေးမြို့နယ်ရှိ ရပ်ကွက်တွေမှာလည်း ကြုံတွေ့နေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။