Home
နိုင်ငံတကာ
ရုရှားနှင့် စီးပွားရေးဆက်လုပ်ပါက ဘရာဇီး၊ တရုတ်နှင့် အိန္ဒိယတို့ ဒဏ်ခတ်ခံရနိုင်ဟု NATO ပြော
DVB
·
July 16, 2025
Photo: REUTERS/Yves Herman

ဘရာဇီး၊ တရုတ်နဲ့ အိန္ဒိယတို့လို နိုင်ငံတွေဟာ ရုရှားနဲ့ စီးပွားရေးဆက်လုပ်ရင် တဆင့်ခံ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အပြင်းအထန် ခံရနိုင်တယ်လို့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ အတွင်းရေးမှူးချုပ် မတ်ခ်ရူတေက ဇူလိုင် ၁၅ ရက်မှာ သတိပေးလိုက်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ယူကရိန်းအတွက် လက်နက်သစ်တွေကို ကြေညာပြီး ရက် ၅၀ အတွင်း ငြိမ်းချမ်းရေးသဘောတူညီချက် မရရင် ရုရှားပို့ကုန်ဝယ်သူတွေကို ၁၀၀ ရာခိုင်နှုန်း တဆင့်ခံ အခွန်စည်းကြပ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

နောက်တနေ့မှာ အမေရိကန် အောက်လွှတ်တော်အမတ်တွေနဲ့ တွေ့ချိန်မှာ NATO အတွင်းရေးမှူးချုပ် မတ်ခ်ရူတေက အခုလို မှတ်ချက်ပေးခဲ့တာပါ။

“ခင်ဗျားက တရုတ်သမ္မတဖြစ်ရင်၊ အိန္ဒိယဝန်ကြီးချုပ် ဒါမှမဟုတ် ဘရာဇီးသမ္မတဖြစ်ခဲ့ရင်၊ ခင်ဗျားက ရုရှားတွေနဲ့ ကုန်သွယ်ပြီး တခါတလေ စျေးမြှင့်ပြီး မရောင်းခင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို အမေရိကန်ကနေ ယူနေသေးတယ်။ ဒီအခြေအနေမှာ ရုရှားအစိုးရက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အလေးအနက်မထားရင် ခင်ဗျားကို ၁၀၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ပြီး တဆင့်ခံ ဒဏ်ခတ်အရေးယူမယ်။”  

“ကျနော်တို့ရဲ့ အထက်လွှတ်တော်အမတ်တွေက ဘရာဇီး၊ အိန္ဒိယ၊ တရုတ်က အထက်လွှတ်တော် အမတ်တွေနဲ့လည်း ဒီကိစ္စကို ဆွေးနွေးနေတာ ဖြစ်နိုင်တယ်။ လက်နက်တွေ ပေးပို့တာအပြင် ရုရှားအပေါ် အမြင့်ဆုံးဖိအားပေးဖို့ ဒီကိစ္စက အလွန်အထောက်အကူဖြစ်မှာပါ” လို့ ရူတေက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013