
အခုနှစ်ဟာ ဂျပန်ကျူးကျော်စစ်နဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး တရုတ်ပြည်သူ့စစ် အောင်ပွဲ နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့ ဖြစ်လို့ သမိုင်းသင်ခန်းစာတွေ ထုတ်ယူဖို့နဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာ သတိရှိကြဖို့ တရုတ်က ဂျပန်ကို တိုက်တွန်းလိုက်ပါတယ်။
ဂျပန်က ဖိလစ်ပိုင်နိုင်ငံဆီ သင်္ဘော ၆ စင်း တင်ပို့ရောင်းချဖို့ စီစဉ်နေတဲ့ ဂျပန်အစိုးရ သတင်းရင်းမြစ်တွေရဲ့ မှတ်ချက်ပေးမှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ တရုတ် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်းဘင်က မှတ်ချက်ပေး ပြောဆိုလိုက်တာပါ။
“သက်ဆိုင်ရာနိုင်ငံတွေကြား ကာကွယ်ရေးနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဟာ တတိယ ပါတီတွေကို ပစ်မှတ်မထားသင့်ဘူးလို့ အမြဲတမ်းယုံကြည်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်ဝါဒီတွေဟာ တရုတ်နဲ့ ဖိလစ်ပိုင်တို့အပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို ရန်လိုပြီး ကိုလိုနီပြု အုပ်စိုးခဲ့ပြီးပါပြီ။ သမိုင်းရာဇဝတ်မှုတွေအတွက် ကြီးလေးတဲ့တာဝန်တွေကို ထမ်းဆောင်ရင်း တရုတ်နိုင်ငံရဲ့ နန်းဟိုင် ကျူးဒေါင်ကို သိမ်းပိုက်ခဲ့ပါတယ်။”
ပြောရေးဆိုခွင့်ရှိသူ ကျန်းဘင်က “မကြာသေးမီနှစ်တွေအတွင်း ဂျပန်နိုင်ငံက ငြိမ်းချမ်းရေး အခြေခံဥပဒေနဲ့ သီးသန့်ကာကွယ်ရေး ဦးတည်တဲ့ မူဝါဒကို ဖျက်သိမ်းပြီး နိုင်ငံခြားဆီ လက်နက်နဲ့ ပစ္စည်းကိရိယာတွေကို အဆက်မပြတ်တင်ပို့ခဲ့တယ်။ တောင်တရုတ်ပင်လယ်မှာ ပြဿနာဖြစ်အောင် အုပ်စုငယ်တွေ စုပေါင်းရင်း အာရှ-ပစိဖိတ်ဒေသအတွက် မတည်မငြိမ်ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ဖန်တီးခဲ့တယ်”လို့ ပြောပါတယ်။
ဂျပန်အနေနဲ့ လေးလေးနက်နက် ဆင်ခြင်သုံးသပ်ပြီး သမိုင်းကနေ သင်ခန်းစာတွေ ထုတ်ယူဖို့၊ စစ်ရေး လုံခြုံရေးကိစ္စတွေမှာ သမ္မာသတိရှိဖို့၊ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ အထောက်အကူ ဖြစ်စေမယ့် အရာတွေ ပိုလုပ်ဖို့ တရုတ်က တိုက်တွန်းခဲ့ပါတယ်။
Source: Reuters