
ထိုင်ဝမ်စစ်တပ်ဟာ ဇူလိုင် ၁၄ ရက် တနင်္လာနေ့က ဖုံဟူကျွန်းစုတွေမှာ ကုန်းရေနှစ်သွယ် ကျူးကျော် ဝင်ရောက်မှုကို တပ်ဖွဲ့တွေက တွန်းလှန်တိုက်ခိုက်ကြတဲ့ တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။
တပ်ဖွဲ့တွေဟာ ရေကြောင်းပစ်မှတ်တွေမှာ ဂျက်ဗလင်း ဒုံးကျည်တွေ၊ စက်သေနတ်တွေနဲ့ တင့်ကားတွေကို ပစ်ခတ်ခဲ့ပါတယ်။
သီးခြားအနေနဲ့ ထိုင်ဝမ်တပ်ဖွဲ့တွေဟာ မတ်ဆု ကျွန်းစုတစ်ဝိုက်မှာ အမြန်ရေယာဉ်တွေ၊ ဒရုန်းတွေနဲ့ အမြောက်တွေ ပါဝင်တဲ့ ရေကြောင်းစစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။
တရုတ်ကမ်းခြေစောင့်တပ်နဲ့ ငါးဖမ်းသင်္ဘောတွေက ကျွန်းတွေ မီးခိုးရောင်ဇုန် နှောင့်ယှက်မှုကို တုံ့ပြန်တဲ့အနေနဲ့ စစ်သားတွေဟာ ရာဘာအမြန်လှေတွေနဲ့ ကမ်းစပ်ရှိ နေရာယူထားတဲ့ပွိုင့်တွေကနေ ပစ်ခတ်ခဲ့တာပါ။
ဇူလိုင် ၁၅ ရက် မနက်အစောပိုင်းမှာ တပ်ဖွဲ့ဝင်တွေဟာ တိုင်ပေရှိ အထင်ကရတံတားတခုကို လုံခြုံရေးချပြီး အကာအကွယ် ပေးခဲ့ပါတယ်။
ဒီနှစ်ဟာ နှစ်စဉ်ပြုလုပ်နေကျ ဟန်ကွောင် စစ်ရေးလေ့ကျင့်မှုရဲ့ ၄၁ ကြိမ်မြောက် စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး တရုတ်နိုင်ငံရဲ့ စစ်ရေး တိုးမြှင့်အသုံးပြုမှုနဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ လုပ်ဆောင်တဲ့ အကျယ်ပြန့်ဆုံး စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်ပါတယ်။
Source:Reuters