Home
မြန်မာသတင်း
တောင်ကြီး ရထားလမ်းအနီးက အိမ်များကို ၁၅ ရက်အတွင်း ဖယ်ရှားခိုင်းနေ
DVB
·
July 13, 2025

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး-ဖာမွန်းကြား ရထားလမ်းဘေးမှာရှိတဲ့အိမ်တွေကို ဖယ်ရှားပေးဖို့အတွက် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးနဲ့ ရထားဌာနက စာပေးပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ကြီး-ဖာမွန်းကြား တောင်ကြီးမြို့ ကံကြီးရပ်ကွက်၊ သစ်တောရပ်ကွက်နဲ့ ဖာမွန်းရွာက ရထားပိုင်နယ်မြေအတွင်း ကျုးကျော်ဆောက်လုပ်ထားတဲ့ အဆောက်အအုံ၊ နေအိမ်တွေကို ၁၅ ရက်အတွင်းဖယ်ရှားပေးဖို့ဆိုပြီး ဇူလိုင် ၂ ရက်နေ့က  စာတွေပို့တာလို့ ဆိုပါတယ်။

တောင်ကြီးဒေသခံတယောက်က “အဲဒါက ကျူးတွေမဟုတ်ဘူး။ အိမ်ဝိုင်းတွေ။ အရင်က အကွက်ရိုက်ရောင်းခဲ့တဲ့ဟာတွေ။ ၂၀၂၀ မတိုင်ခင်တုန်းက တကွက်ကို သိန်း ၅၀၊ ၁၀၀ နဲ့ ရောင်းခဲ့တာတွေပေါ့။  စာပို့ခံရတဲ့နေရာတွေ ဖျက်ဖို့စီစဉ်နေတယ်” လို့ ပြောပါတယ်။

ဖျက်ဖို့စာပို့ထားတဲ့ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး နေအိမ်တချို့က ဖယ်ရှားဖို့ပြင်ဆင်နေသလို တချို့ကလည်း အခြေအနေစောင့်ကြည့်နေတာမျိုးရှိတယ်လို့ သိရပါတယ်။

ရထားလမ်းစီမံကိန်းကို စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ပြန်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး ရွှေညောင်ကနေ အေးသာယာမြို့၊ အဲဒီကနေ တောင်ကြီး အဝေရာမီးပုံးပျံကွင်းသွားလမ်းနားက မီးရထားဘူတာ၊ ဘူတာကတဆင့် ကံကြီး၊ ဖာမွန်းရွာတို့ကိုဖြတ်ပြီး ပေါမူအထိ ပြေးဆွဲနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရထားလမ်းဖောက်တဲ့အချိန်တုန်းကလည်း တောင်ကြီးနဲ့ အေးသာယာက ရထားလမ်းဘေးအိမ်တွေကို ဖျက်ခဲ့သေးတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013