Home
နိုင်ငံတကာ
အီရတ်အပါအဝင် ၈ နိုင်ငံကို အခွန်တိုးမြှင့်ကောက်ခံကြောင်း သမ္မတထရမ့်ပ်စာပေးပို့ 
DVB
·
July 10, 2025
Photo :Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဩဂုတ် ၁ ရက်က စတင်ပြီး အီရတ်နိုင်ငံအပါအဝင်  နိုင်ငံ ၈ နိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန် ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ကောက်ခံမှာဖြစ်ကြောင်း အသိပေးတဲ့ စာတစောင်ကို ဇူလိုင် ၉ ရက်က အဲဒီ ၈ နိုင်ငံ ခေါင်းဆောင်တွေဆီ ပေးပို့လိုက်ပါတယ်။

အဲဒီစာတွေအရ လစ်ဗျား၊ အီရတ်၊ အယ်လ်ဂျီးရီးယားနဲ့ သီရိလင်္ကာနိုင်ငံတွေအပေါ် စည်းကြပ်ခွန် ၃၀ ရာခိုင်နှုန်း၊ ဘရူနိုင်းနဲ့ မော်လ်ဒိုဗာကို ၂၅ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်ကို ၂၀ ရာခိုင်နှုန်းနဲ့ ဘရာဇီးနိုင်ငံကိုတော့ ၅၀ ရာခိုင်နှုန်း စည်းကြပ်မှာ ဖြစ်ပါတယ်။

ဘရာဇီးဒုသမ္မတ ဂျီရာဒို အော့ခ်မင်က ဘရာဇီးထုတ်ကုန်တွေအပေါ် အခွန် ၅၀ ရာခိုင်နှုန်း စည်းကြပ်တာဟာ တရားမျှတမှု မရှိဘူးလို့ တုံ့ပြန် ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ လက်တင်အမေရိကနိုင်ငံနဲ့ ကုန်သွယ်မှုပိုငွေ ရှိတာကြောင့် ဘရာဇီးအပေါ် အခွန်တိုးမြှင့်ဖို့ အကြောင်းမရှိဘူးလို့ အော့ခ်မင်က ပြောဆိုပါတယ်။

အမေရိကန်နဲ့ ဘရာဇီးအကြား ကုန်သွယ်ရေးပေါင်းစည်းမှု ရှိနေတာကြောင့် ဘရာဇီးပစ္စည်းတွေအပေါ် အခွန်တိုးကောက်တာဟာ အမေရိကန်စီးပွားရေးကို ထိခိုက်စေလိမ့်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒီသီတင်းပတ်အစောပိုင်းမှာ အမေရိကန်ကို အများဆုံးတင်ပို့သူ တောင်ကိုရီးယားနဲ့ ဂျပန် အပါအဝင် နိုင်ငံ ၁၄ နိုင်ငံကို အခွန်နှုန်း ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက်မှာ အခု ထပ်မံ နောက်ထပ် စာ ၈ စောင်ကို ပေးပို့ခဲ့တာမှာ ဩဂုတ် ၁ ရက်မှာ စတင်အသက်ဝင်မှာ ဖြစ်ပြီးတော့ အဲဒီအချိန်မတိုင်ခင်က ရရှိထားတဲ့ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်တွေကိုလည်း တားဆီးလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် သမ္မတ ထရမ့်ပ်ဟာ ကြေးနီတင်သွင်းမှုအပေါ် အကောက်ခွန် ၅၀ ရာခိုင်နှုန်း တိုးကောက်ပြီး ကုန်သွယ်ရေးစစ်ပွဲကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတယ်လို့ ဇူလိုင် ၉ ရက်မှာ ကြေညာခဲ့ပြီး သိပ်မကြာခင်မှာလည်း ဆီမီးကွန်ဒတ်တာ တပိုင်းလျှပ်ကူးပစ္စည်းတွေနဲ့ ဆေးဝါးတွေအပေါ်  အရင်ကတည်းက ချမှတ်မယ်လို့ သတိပေးထားတဲ့ အခွန်ငွေတွေကို မိတ်ဆက်ပေးဦးမယ် လို့ ဆိုပါတယ်။

ဩဂုတ် ၁ ရက်မှာ စတင် အကျိုးသက်ရောက်မယ့် ဒီအခွန်ကိစ္စကို အမျိုးသားလုံခြုံရေး အကဲဖြတ်မှုတွေ လုပ်ပြီးနောက်မှာ ဒီဆုံးဖြတ်ချက်တွေကို ချခဲ့တာလို့လည်း ဆိုပါတယ်။

အမေရိကန်ဟာ ကြေးနီစက်မှုလုပ်ငန်းကို တဖန် ပြန်လည်တည်ဆောက်တော့မှာ ဖြစ်ပြီး ဒါတွေအားလုံးပြီးရင် ငါတို့ရဲ့ ရွှေခေတ်ပဲလို့လည်း သူ့ရဲ့ ဆိုရှယ်မီဒီယာပို့စ်မှာ ရေးထားပါတယ်။

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013