Home
နိုင်ငံတကာ
ကမ္ဘာကြီးအတွက် ‘ဧကရာဇ်’ မလိုချင်ဟု ထရမ့်ပ်ကိုရည်ညွှန်းပြီး ဘရာဇီးသမ္မတ ပြော
DVB
·
July 8, 2025
Photo: Reuters

ကမ္ဘာကြီးအတွက် ဧကရာဇ်မလိုချင်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ရည်ညွှန်းပြီးတော့ ဘရာဇီးသမ္မတ လူးဝစ်အင်နာစီယို လူလာ ဒါဆေးလ်ဗားက   ပြောကြားလိုက်ပါတယ်။

အမေရိကန်ဆန့်ကျင်ရေးသမားတွေဖြစ်တဲ့ BRICS အဖွဲ့ဝင်နိုင်ငံတွေကို ထပ်တိုး စည်းကြပ်ခွန် ကောက်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်ထားပါတယ်။ အဲဒီအပေါ်မှာ  BRICS ထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ လူလာက အခုလို တုံ့ပြန်တာ ဖြစ်ပါတယ်။

“ကမ္ဘာကြီးက ပြောင်းလဲသွားပါပြီ။ ကျုပ်တို့ ဧကရာဇ်တယောက် မလိုချင်ပါဘူး” လို့ ဘရာဇီးသမ္မတက ထိပ်သီးဆွေးနွေးပွဲအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

BRICS နိုင်ငံတွေဟာ ကမ္ဘာ့ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာရဲ့ အခန်းကဏ္ဍကို ထိခိုက်အောင်လုပ်ရင် ‘၁၀၀ ရာခိုင်နှုန်း’ စည်းကြပ်ခွန်ကောက်မယ်လို့လည်း ထရမ့်ပ်က ဖေဖော်ဝါရီလထဲမှာ သတိပေးခဲ့ဖူးပါတယ်။

ဘရာဇီးသမ္မတကတော့ BRICS အဖွဲ့ဝင်တွေအတွက် ဘုံငွေကြေးတခု ထုတ်မလားဆိုတဲ့ အယူအဆကို ပယ်ချခဲ့ပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ကုန်သွယ်ရေးအတွက် ဒေါ်လာအစား တခြားနည်း ရွေးချယ်စရာတွေ လိုအပ်တယ်လို့တော့ ပြောပါတယ်။

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက ဆိုတဲ့ ဦးဆောင် ၅ နိုင်ငံရဲ့ နာမည်ရှေ့စာလုံးတွေ အတိုကောက်ဖြစ်တဲ့ BRICS ဟာ ထွန်းသစ်စ စီးပွားရေးအင်အားစုတွေရဲ့ စုဖွဲ့မှုအဖြစ် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ အီဂျစ်၊ အီသီယိုးပီးယား၊ အင်ဒိုနီးရှား၊ အီရန်နဲ့ ယူအေအီးတို့ပါ ပါဝင်လာပြီး ၁၀ နိုင်ငံပေါင်း လူဦးရေဟာ ကမ္ဘာ့လူဦးရေရဲ့ ၄၅ ရာခိုင်နှုန်းကို ကိုယ်စားပြုနေပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013