Home
မြန်မာသတင်း
ဖားကန့်တွင် မိုးသည်းထန်ပြီး ဥရုချောင်းရေကြီး 
DVB
·
July 8, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဒီနေ့ ဇူလိုင် ၈ ရက် မနက်ပိုင်းကစပြီး မိုးသည်းထန်စွာရွာလို့ ဥရုချောင်းအနီးက ရပ်ကွက်နဲ့ ကျေးရွာတချို့ ရေဝင်ရောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးများပြီး ဥရုချောင်းရေတက်လာလို့ မြေနိမ့်ပိုင်းနေရာတွေဖြစ်တဲ့ မြို့မရပ်ကွက်နဲ့ ငှက်ပျောတောရပ်ကွက်တွေထဲကို ရေဝင်နေပေမဲ့ စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ်သေးဘူးလို့ ဆိုပါတယ်။

လုံးခင်းဒေသခံတယောက်က “အရမ်းကြီးတာမဟုတ်ပါဘူး။ ရေနည်းနည်း တိုးတာပါ။ ဖားကန့်မြို့ ရေဝင်နေကျနေရာတွေ ရေဝင်ရောက်တာပါ။ ဒါက ဖားကန့်အုပ်စု မိုးများရင် ဖြစ်နေကျ အရာတွေပါ” လို့ DVB ကို ပြောပါတယ်။

ဒီနေ့ညပိုင်း ကံဆီးဒေသ ဥရုချောင်းဖျားမှာ မိုးများရင်တော့ မှော်ဒေသ ရေကြီးနိုင်ပေမဲ့ အခုအနေအထားနဲ့ ချောင်းရေ ရုတ်တရက် မကြီးလာနိုင်ဘူးလို့လည်း ဆိုပါတယ်။

လုံးခင်းဒေသခံတယောက်ကလည်း “မိုးများရင်တော့ မြေစာပုံပြိုနိုင်တဲ့အခြေအနေမှာ ရှိနိုင်တယ်။ နီးစပ်ရာပြည်သူတွေ သတိထားနေပေါ့” လို့ ပြောပါတယ်။

ဥရုချောင်းရေဟာ ကံဆီးရဲ့ စိုးရိမ်ရေမှတ်ကျော်ရင် နမ့်စန်း၊ လုံးခင်း‌ကျေးရွာ၊ ဖားကန့်မြို့နဲ့ ဥရုချောင်းတလျှောက် ရေဝင်နေကျနေရာတွေ ကြိုပြင်ဆင်ထားဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

လက်ရှိ ဖားကန့်ဒေသမှာ စစ်ကောင်စီနဲ့ KIA တပ်အကြား စစ်ရေးတင်းမာနေတဲ့ အခြေအနေဖြစ်ပြီး ဒီနေ့မှာပဲ စစ်ကောင်စီတပ်ဟာ မျောက်ဖြူ၊ စပျစ်ခူး လမ်းကြောပေါ် ရောက်နေတယ်လို့လည်း သိရပါတယ်။

စစ်ရေးအခြေအနေကြောင့် ဖားကန့်ဒေသမှာ လက်ရှိ ပေါ်ဆန်းမွှေးဆန် တအိတ်ကို ၁၈၀,၀၀၀ ကျပ်မှ အခု ၂၈၀,၀၀၀ ကျပ်အထိ မြင့်တက်သွားပြီး လုပ်ကွက်တွေထဲ ရေမဆေးဝင်ရှာတာ၊ တပိုင်တနိုင် ကျောက်တူးတာနဲ့ ရွှေမျောတိုက်တာတွေကို KIA ဘက်က ထိန်းချုပ်လိုက်တွေကြောင့် မှော်ဒေသခံပြည်သူတွေ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013