Home
နိုင်ငံတကာ
ယူကရိန်းပိုင် လူဟန့်စ်ခ်ဒေသကို ရုရှား သိမ်းပိုက်
DVB
·
July 4, 2025
Photo: Reuters

ယူကရိန်းအရှေ့ပိုင်း လူဟန့်စ်ခ်ဒေသကို ရုရှားက လုံး၀ သိမ်းပိုက်လိုက်ပြီလို့ ရုရှားခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးက ဇူလိုင် ၁ ရက်မှာ အခိုင်အမာ ပြောပါတယ်။

ယူကရိန်းအရှေ့ပိုင်းဒေသ ၄ ခုထဲမှာ ပထမဆုံးအဖြစ် ရုရှားက အပြည့်အဝ ထိန်းချုပ်ထားတယ် လို့လည်း သူက ပြောပါတယ်။

လွန်ခဲ့တဲ့ရက်တွေက လူဟန့်စ်ခ် ပြည်သူ့သမ္မတနိုင်ငံ ပိုင်နက်နယ်မြေ ၁၀၀ ရာခိုင်နှုန်း လွတ်မြောက်သွားပြီလို့ အုပ်ချုပ်ရေးမှူး လီယိုညစ်ဒ် ပါဆက်ချ်နစ်ခ်က ရုရှားရုပ်သံ TV Channel One ကို ပြောပါတယ်။

ရုရှား စစ်တပ်သတင်းထောက်တွေက ရွာ ၂ ရွာ ကျန်သေးတယ်လို့ ပြောပါတယ်။ လူဟန့်စ်ခ်ဒေသကို ၂၀၂၂ စက်တင်ဘာလမှာ ယူကရိန်းထိုးစစ်က တစိတ်တပိုင်း ပြန်သိမ်းယူတာ မခံရမီ ၂၀၂၂ ခုနှစ်မှာ ရုရှားက တကြိမ် သိမ်းပိုက်ပြီးပြီလို့ ကြေညာခဲ့ဖူးတယ်လို့ ရုရှား စစ်သတင်းထောက်တွေက ထောက်ပြခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို လုံးလုံးလျားလျား ကျူးကျော်ဝင်ရောက်ပြီး ၃ နှစ်ကျော်အကြာ နောက်ထပ် ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။

အုပ်ချုပ်ရေးမှူးက ကြေညာတဲ့ တနေ့တည်းမှာပဲ အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင် အစိုးရ လက်ထက်က ကတိပြုထားတဲ့ လက်နက်တချို့ကို ယူကရိန်းအစိုးရဆီ မပေးဘူးလို့ ထရမ့်ပ် အစိုးရက ပြောခဲ့ပါတယ်။

ရုရှားတပ်တွေဟာ ဇွန်လ ၇ ရက်မှ ၈ ရက်အထိ ရက်သတ္တပတ်ကုန်ရက်အတွင်း ဒနစ်ပရိုထရော့ဗ်စ်ခ်  ဒေသရဲ့ နယ်နိမိတ်ဆီ ရောက်ခဲ့ပြီး သုံးပုံတပုံလောက် ယူကရိန်းအစိုးရ လက်ထဲမှာ ကျန်သေးပေမဲ့ ဒန်ညက်စ်ခ်ဒေသ အကျယ်အဝန်းတခုလုံးကို ဘယ်အချိန်မဆို သိမ်းပိုက်နိုင်တဲ့ စစ်ပွဲမှာ ခုအဆင့်ကို ရောက်ခဲ့တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ယူကရိန်းတပ်တွေက ရုရှားကင်းထောက်အဖွဲ့တွေကို ချေမှုန်းနိုင်ခဲ့ပေမဲ့ ယူကရိန်းစစ်တပ်က ယူကရိန်း စစ်ဘက်စက်မှုလုပ်ငန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ ရုရှားက ဗုဒ္ဓဟူးနေ့မှာ အခိုင်အမာ ပြောခဲ့ပါတယ်။

လွန်ခဲ့တဲ့နေ့က ရုရှားစစ်တပ်ဟာ ယူကရိန်းစစ်တပ် စက်မှုလုပ်ငန်း၊ ဒရုန်းတပ်ဆင်ရေး အလုပ်ရုံနဲ့ ဂိုထောင်တွေ၊ လက်နက်တွေနဲ့ ခဲယမ်းမီးကျောက် သိုလှောင်ရုံတွေကို တိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ နေ့စဉ်ရှင်းလင်းချက်မှာ ပြောခဲ့ပါတယ်‌။

ရုရှား လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေက အမေရိကန်လုပ် JDAM စမတ်ဗုံး ၇ လုံးကို ကြားဖြတ်ဟန့်တားခဲ့ပြီး ယူကရိန်းရဲ့ မောင်းသူမဲ့လေယာဉ် ၁၃၁ စီးကို လွန်ခဲ့တဲ့နေ့က ပစ်ချခဲ့တယ်လို့ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနေ့မှာပဲ ရုရှားစစ်တပ်က ဒနစ်ပရိုပေထရော့ဗ်စ်ခ် ပြည်နယ်က ဒတ်ချ်နီရွာကို ဝင်ဖို့ ကြိုးစားရင်း ရုရှားစစ်တပ်က ခြေလျင်နဲ့ ကင်းထောက်တပ်တွေကို အဆက်မပြတ် စေလွှတ်ခဲ့တယ်လို့ ယူကရိန်း တပ်မတော် စစ်ဦးစီးချုပ်က ဆိုရှယ်မီဒီယာမှာ ပြောခဲ့ပါတယ်။

ဒတ်ချ်နီရွာဟာ ဒနစ်ပရိုပေထရော့ဗ်စ်ခ် ပြည်နယ်ထဲမှာ ယူကရိန်းစစ်တပ်အတွက် အရေးကြီးတဲ့ ထောက်ပံ့ပို့ဆောင်ရေးနဲ့ ထောက်ပံ့ရေးဗဟိုဖြစ်တဲ့ မက်ရှိုဗာကနေ ၂၈ ကီလိုမီတာသာ ဝေးပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013