Home
မြန်မာသတင်း
ပျောက်ဆုံး တိုက်လေယာဉ် ဖားဆောင်းမြို့အနီး ပျက်ကျနေ
DVB
·
July 3, 2025
Photo: Maui Karenni
Photo: Maui Karenni
Photo: Maui Karenni
Photo: Maui Karenni
Photo: Maui Karenni

ဇူလိုင် ၁ ရက် ညကတည်းက အဆက်အသွယ်ပြတ်ပြီး ပျောက်နေတဲ့ စစ်ကောင်စီလေတပ်က တိုက်လေယာဉ်ကို ကရင်နီ(ကယား)ပြည်နယ်၊ ဖားဆောင်းမြို့နားမှာ ပျက်ကျနေတာ ရှာတွေ့ထားတယ်လို့ အဲဒီဒေသက တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က အတည်ပြု ပါတယ်။

တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်နေတဲ့ ဖားဆောင်းမြို့ကို ဗုံးကြဲဖို့လာတဲ့ စစ်ကောင်စီ လေယာဉ်ဖြစ်ပြီး ဖားဆောင်းမြို့အောက်ဘက်မှာ ပျက်ကျနေတဲ့ လေယာဉ်ကို ရှာတွေ့တာလို့ ဆိုပါတယ်။

လေယာဉ်အမျိုးအစားကိုတော့ စစ်ကောင်စီက မထုတ်ပြန်ထားသလို လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ လေယာဉ်မှူးတွေရဲ့ အခြေအနေကိုလည်း မသိရသေးပါဘူး။

တိုက်ခိုက်ရေး လေယာဉ်တစီး ပျောက်ဆုံးနေတယ်လို့ ဇူလိုင်လ ၃ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။

နေပြည်တော်ရဲ့ အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာအကွာမှာ ရေဒါမြင်ကွင်းကနေ ပျောက်ကွယ်ပြီး ဆက်သွယ်ရေး ပြတ်တောက်သွားတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ လေတပ်ရဲ့ တိုက်လေယာဉ်၊ ရဟတ်ယာဉ် ၁၂ စင်း ကို တော်လှန်ရေးဘက်က ပစ်ချထားပါတယ်။ 

ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်ကလည်း စစ်ကောင်စီတပ်ရဲ့ F7 အမျိုးအစား တိုက်လေယာဉ်ကို ပစ်ချခဲ့တယ်လို့ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် PLA ကထုတ်ပြန်ထားပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013