Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ဥသျှစ်ပင် ဆေးဖက်ဝင်
DVB
·
July 2, 2025

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ဥသျှစ်ပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။

ဥသျှစ်ပင်ကို သိပ္ပံလို Aegle marmelos လို့ခေါ်ပြီး အင်္ဂလိပ်လို Aegle marmelos, bael , bili, bhel, Bengal quince, golden apple, Japanese bitter orange, stone apple, wood apple လို့ ခေါ်ကြပါတယ်။

ဥသျှစ်ရွက်alkaloid, aegiline, leucoanthocyanins၊ anthocyanins၊ flavanoid glycosides၊ skimmianine နဲ့ y-sitosterol , tannins ပါဝင်ပြီး အသီးမှာ ပရိုတင်းများ၊ ကာဘိုဟိုက်ဒရိတ်၊ Riboflavin၊ Niacin၊ Thiamin၊Vitamin A၊Vitamin C၊ Calcium၊ Phosphorus၊ Potassium၊ စတဲ့အာဟာရ သတ္တုဓာတ်များနဲ့  alkaloid, aegiline, condensed tannin၊ pholobatannins၊ flavan-3-oIs၊ leucoanthocyanins၊ anthocyanin၊ flavanoid glycoside၊ skimmianine နဲ့ y-sitosterol, နီအာစင်၊ oxalic အက်ဆစ် နဲ့ ကာရိုတင်း စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး ဝမ်းပျော့ဆေးအာနိသင်၊ အနာကျက်စေခြင်း၊ အစာအိမ် အားကောင်းစေခြင်း၊ ကိုယ်တွင်းခုခံအားကို တိုးစေခြင်း၊ ခွန်အားကို တိုးစေခြင်း၊ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးခြင်း၊ ဝမ်းလျှောခြင်းကို တားဆီးခြင်း၊ အဖျားကို တိုက်ဖျက်ခြင်း၊ အသည်းကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ နှလုံးကို အကျိုးပြုခြင်း၊ ကင်ဆာကို ဆန့်ကျင်ခြင်း စတဲ့အစွမ်းအာနိသင် ရှိပါတယ်။ 

ဆေးဘက်ဆိုင်ရာမှာ အသီး၊ အစေ့၊ အရွက်၊ အခေါက်နဲ့ အမြစ်တို့ကို သုံးစွဲကြပါတယ်။

ဥသျှစ်ရွက်မှာ အပျော့စား ဝမ်းနုတ်ဆေးအာနိသင်ရှိတာကြောင့် လတ်ဆတ်တဲ့ အရွက်သတ္တုရည် ဟင်းစားဇွန်း၁ ဇွန်းကို ပျားရည်နဲ့ သောက်သုံးပေးခြင်းဖြင့် ဝမ်းမှန်စေကာ ဗိုက်အောင့်ခြင်းနဲ့ ဝမ်းချုပ်ခြင်းတို့ကို ပျောက်ကင်းစေပါတယ်။

အရွက်ပြုတ်ရည်ဟာ  အဖျားကျဆေးနဲ့ သလိပ်ပျော်စေတဲ့ အာနိသင် ရှိတာကြောင့် အဖျားတက်ခြင်း၊ ပန်းနာရင်ကြပ်၊ လည်ချောင်းနာခြင်း၊ ရင်ဘတ်နဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းများ ရောင်ရမ်းခြင်းအတွက် အရွက်ပြုတ်ရည် ပူပူနွေးနွေးကို တခါသောက် ရေနွေးကြမ်းပန်းကန်တဝက် တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဥသျှစ်ရွက်ပြုတ်ရည်နွေးနွေး တခါသောက်  ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို ငရုတ်ကောင်း အနည်းငယ်နဲ့  သောက်ပေးခြင်းက လည်ချောင်းနာခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို သက်သာစေပါတယ်။ 

ဆီးချိုရောဂါဝေဒနာရှင်များ အရွက်သတ္တုရည် ဟင်းစားဇွန်း ၁ ဇွန်းကို ဗိုက်ထဲတွင် အစာမရှိချိန် နေ့တိုင်း နံနက်တိုင်း သောက် ပေးခြင်းက သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပြီး တစ်လခန့်အတွင်း ပုံမှန်အဆင့်သို့ ရောက်စေပါတယ်။ 

မမှည့်သီးစိမ်း တွင်းသားကို အခြောက်ခံကာ အမှုန့်ပြုလုပ်ပြီး တခါသောက် ကော်ဖီ ၂ ဇွန်းကို ရေနွေးဖြင့် တနေ့ ၃ ကြိမ် သောက်ပေးခြင်းက  ဝမ်းပျက်ဝမ်းလျှောခြင်းကို သက်သာစေပါတယ်။ အဖျားမရှိတဲ့ နာတာရှည်ဝမ်းကိုက်ရောဂါနဲ့ ကာလဝမ်းရောဂါတို့ကို ပျောက်ကင်းစေပါတယ်။

ဥသျှစ်သီး/ရွက် စားသုံးခြင်းက သွေးတွင်းမကောင်းတဲ့ အဆီကို ကျစေပြီး သွေးတွင်း ယူရီးယားကို ပုံမှန်ဖြစ်စေပါတဲ့အပြင် ကိုယ်ခံစွမ်းအားကိုလည်း တိုးမြှင့်ပေးပါတယ်။

အဆစ်အမြစ် ရောင်ရမ်းခြင်းများမှာ အရွက်ကို ထုထောင်းပြီး လိမ်းဆေးခြင်း/အုံပေးခြင်းဖြင့်  သက်သာပျောက်ကင်းစေပါတယ်။

အရွက်တွင် tannin ပါရှိတာကြောင့် အရွက်များကို ရေတွင် တည စိမ်ပြီး နံနက်ပိုင်းတွင် ဖျော်ရည်ကို သောက်ခြင်းဖြင့် အစာအိမ်အနာ ဆက်စပ်နေတဲ့ နာကျင်ကိုက်ခဲမှုများကို သက်သာစေပြီး ရောင်ရမ်းမှုကို လျှော့ချပေးခြင်းဖြင့် အနာကျက်စေရန် ကူညီပေးသည်။ အူတွင်းနာအတွက်  ဥသျှစ်ရွက်ပြုတ်ရည်  တခါသောက်  ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ငှက်ဖျားရောဂါမှာ  ပင်စည်အခေါက် ပြုတ်ရည် တခါသောက်  ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို ငရုတ်ကောင်းမှုန့် ကော်ဖီဇွန်းဝက် ထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အမျိုးသမီးများ သားအိမ်အနာအဆာများနဲ့ အရည်ကြည်အိတ်များ၊ မီးဖွားပြီးစ ဒဏ်ရာများမှာ  ဥသျှစ်မြစ်သွေးရည် ကော်ဖီ ၂ ဇွန်းကို တနေ့ ၂ ကြိမ်ခန့် ရေနွေးပူပူဖြင့် သောက်သုံးပေးခြင်းဖြင့် သက်သာမှု ရစေပါတယ်။

ဥသျှစ်သီးမှည့် အသင့်အတင့်ကို ပုံမှန် စားသုံးပေးခြင်းက နှလုံးနဲ့ ဦးနှောက်အတွက် အားဆေးအဖြစ် လုပ်ဆောင်ပေးပါတယ်။

ဥသျှစ်သီး/ရွက်တို့ကို အသင့်အတင့် စားသုံးခြင်းက ထူးခြားတဲ့ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ စားသောက်ခြင်းက ဗိုက်အောင့်ခြင်းနဲ့ ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဥသျှစ်သီးဟာ ခွဲစိတ်မှုအတွင်းနဲ့ ခွဲစိတ်မှုအပြီးတွင် သွေးတွင်းသကြားဓာတ်ထိန်းခြင်းကို အနှောင့်အယှက် ဖြစ်စေနိုင်တာကြောင့် ခွဲစိတ်မှုမပြုလုပ်မီ အနည်းဆုံး ၂ ပတ်အလိုတွင် ဥသျှစ်ပင် အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။ ဥသျှစ်သီးနဲ့ ဓာတ်မတည့်သူများ၊ ဥသျှစ်ပင်ထွက်ပစ္စည်းများ စားသောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

နွေဦးပြည်သူများ ဥသျှစ်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ရပါတယ်။

 သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013