
ဘိုင်ယန်မြူးနစ်အသင်းဟာ လီဗာပူး တိုက်စစ်ကစားသမား လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
ကိုလံဘီယာ တောင်ပံကစားသမားဟာ အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သက်လို့ တခြားအသင်းတွေနဲ့ ဆွေးနွေးမှုရှိကြောင်း ဝန်ခံထားသူပါ။
စာချုပ်သက်တမ်း ၂ နှစ် ကျန်သေးပေမဲ့ လီဗာပူးဘက်က ကောင်းမွန်တဲ့ ကမ်းလှမ်းမှု မရှိဘူးဆိုရင် အနာဂတ်အတွက် စဉ်းစားသွားရမှာဖြစ်ကြောင်းလည်း အတိအလင်း ပြောထားပါတယ်။
ဒီယက်ဇ်ကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းဘက်က စိတ်ဝင်စားခဲ့ပေမဲ့ ပြောင်းရွှေ့ကြေးနဲ့ လုပ်ခပမာဏ မပေးနိုင်တာကြောင့် လက်လျှော့သွားခဲ့ပြီး ဘိုင်ယန်အသင်းက ခေါ်ယူဖို့ လုပ်ဆောင်လာခဲ့တာပါ။
ဘိုင်ယန်အသင်းဟာ ဒီယက်ဇ်အတွက် သတ်မှတ်ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၅၀ ကျော် ပေးချေဖို့ အသင့်ရှိနေကြောင်း စပိန်သတင်းစာ SPORT က ဖော်ပြပါတယ်။