
လီဗာပူးအသင်းရဲ့စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို နောက်ခံလူ ကိုနာတေးက ပယ်ချလိုက်ပါတယ်။
ပြင်သစ်နောက်ခံလူဟာ နည်းပြ အာနဲစလော့အတွက် အားထားရတဲ့ ကစားသမားဖြစ်ပြီး အသင်းခေါင်းဆောင် ဗန်ဒိုက်နဲ့အတူ အတွဲညီညီခြေစွမ်းပြခဲ့သူပါ။
သူဟာ လာမယ့် ရာသီအပြီးမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ လီဗာပူးဘက်က သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ရာမှာ အဆင်မပြေဖြစ်ခဲ့တာပါ။
လုပ်ခလစာတိုးမြှင့်ကမ်းလှမ်းမှုမရှိတာက အဓိက ပြဿနာဖြစ်ပြီး ကိုနာတေးဘက်က ပိုမိုမြင့်မားတဲ့ လုပ်ခလစာ အလိုရှိနေတာကြောင့် လက်မခံခဲ့တာလို့ သတင်းတွေမှာဖော်ပြကြပါတယ်။
လီဗာပူးအနေနဲ့ ကိုနာတေးကို အခုနှစ်မှာ စာချုပ်သက်တမ်းမတိုးနိုင်ခဲ့ဘူးဆိုရင် လာမယ့်ရာသီမှာ နောက်ခံလူ အာနိုးလ်လိုပဲ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခွာခွင့်ပြုသွားရမှာဖြစ်ပါတယ်။