Home
နိုင်ငံတကာ
နှစ်ပေါင်း ၄၀ နီးပါး အုပ်ချုပ်ခဲ့သည့် ယူဂန္ဓာသမ္မတ ရွေးကောက်ပွဲထပ်ဝင်မည်
DVB
·
June 30, 2025
Photo: Reuters

အာဖရိက အရှေ့ပိုင်းက ယူဂန္ဓာနိုင်ငံကို အနှစ် ၄၀ နီးပါး အုပ်ချုပ်ခဲ့တဲ့ သမ္မတ ယိုဝါရီ မူဆာဗေနီဟာ လာမယ့်နှစ် သမ္မတရွေးကောက်ပွဲ ထပ်ပြိုင်ဦးမယ်လို့ အတည်ပြုလိုက်ပါတယ်။

X လူမှုကွန်ရက်မှာ တင်ထားတဲ့ ပို့စ်မှာ မူဆာဗေနီက သူ့ အာဏာရပါတီ အမျိုးသားတော်လှန်ရေးလှုပ်ရှားမှု (NRM) ကို ကိုယ်စားပြုပြီးတော့ “သမ္မတ အလံကိုင်နေရာအတွက် ယှဉ်ပြိုင်ဖို့ ဆန္ဒရှိပါတယ်” လို့ ရေးထားပါတယ်။

အသက် ၈၀ ရှိပြီဖြစ်တဲ့ ယူဂန္ဓာခေါင်းဆောင်ဟာ ၅ နှစ်တာ ပြောက်ကျားစစ်ပွဲကို ဦးဆောင်ပြီးတဲ့နောက် ၁၉၈၆ ကတည်းက အာဏာယူထားတာ ဖြစ်ပါတယ်။

မူဆာဗေနီ သမ္မတအဖြစ် ထပ်တလဲလဲ တာဝန်ယူနိုင်ဖို့ အခြေခံဥပဒေကိုပါ ၂ ကြိမ်တိတိ ပြင်ဆင်ခဲ့ပြီး ဖြစ်ပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ သမ္မတဟာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ သူ သူကောင်းပြုထားတဲ့ သူတွေ အင်အားကို အသုံးပြုပြီးတော့ အာဏာချုပ်ကိုင်ထားတယ်လို့ ဝေဖန်ကြပါတယ်။

ယူဂန္ဓာ စီးပွားရေးကို လာမယ့် ၅ နှစ်အတွင်း ဒေါ်လာ ၅၀၀ ဘီလီယံ စီးပွားရေးဖြစ်အောင် လုပ်မယ်လို့ မူဆာဗေနီက ကြွေးကြော်ထားပါတယ်။ ယူဂန္ဓာရဲ့ GDP ဟာ လက်ရှိမှာ ဒေါ်လာ ၆၆ ဘီလီယံဝန်းကျင် ရှိနေပါတယ်။

ရွေးကောက်ပွဲတွေကို လာမယ့်နှစ် ဇန်နဝါရီလမှာ ကျင်းပမှာဖြစ်ပြီး လွှတ်တော်အမတ်တွေကိုပါ ရွေးကောက်မှာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013