Home
နိုင်ငံတကာ
ဆွေးနွေးလိုပါက တိုက်ခိုက်မှု ထပ်မလုပ်ဟု အာမခံရန် အီရန် တောင်းဆို
DVB
·
June 30, 2025
Photo: REUTERS/Shannon Stapleton

အမေရိကန်အနေနဲ့ သံတမန်ရေးဆွေးနွေးပွဲတွေ ပြန်စချင်တယ်ဆိုရင် အီရန်အပေါ် နောက်ထပ် မတိုက်ခိုက်ဘူးလို့ အာမခံဖို့လိုတယ်လို့ အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဘီဘီစီသတင်းဌာနကို ပြောပါတယ်။

တွေ့ဆုံဆွေးနွေးမှု စားပွဲဝိုင်းပေါ် ပြန်တက်ဖို့ ထရမ့်ပ်အစိုးရက အီရန်ကို ကြားဝင်ညှိနှိုင်းသူတွေကနေတဆင့် တိုက်တွန်းထားတယ်လို့ ဒုဝန်ကြီး မာဂျစ် တက်ခ်-ရာဗန်ချီက ပြောပါတယ်။

ဒါပေမဲ့ ဆွေးနွေးနေတဲ့အချိန်မှာ နောက်ထပ်တိုက်ခိုက်မှုတွေ ရှိနေမလားဆိုတဲ့ အင်မတန်အရေးကြီးတဲ့ မေးခွန်းအပေါ် အမေရိကန်ဘက်က ရှင်းလင်းတဲ့ ရပ်တည်ချက်မျိုး မဖော်ပြဘူးလို့ ဆိုပါတယ်။

ဇွန် ၁၃ ရက် အစောပိုင်းမှာ စတင်ခဲ့တဲ့ အစ္စရေး စစ်ဆင်ရေးကြောင့် အမေရိကန်-အီရန် တဆင့်ခံ ဆွေးနွေးမှု ဆဋ္ဌမအချီကို ဆက်လက်ပြုလုပ်နိုင်ခဲ့ခြင်း မရှိပါဘူး။

အီရန်ဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်တွေအတွက် ယူရေနီယံသန့်စင်နိုင်စွမ်းရှိရေးကို ဆက်လက် ကိုင်စွဲသွားမှာဖြစ်ပြီး နျူကလီးယားဗုံး ထုတ်လုပ်ဖို့ လျှို့ဝှက်လုပ်ဆောင်နေတယ်ဆိုတဲ့ စွဲချက်တွေကို ငြင်းထားပါတယ်။

အီရန်ဟာ သုတေသနအတွက် နျူကလီးယားဆိုင်ရာ ပစ္စည်းတွေ ရရှိဖို့ ငြင်းပယ်ခံထားရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အားကိုးဖို့ လိုတယ်လို့လည်း ဒုဝန်ကြီးက ပြောပါတယ်။

အဲဒီအတွက် ပမာဏနဲ့ ထုတ်လုပ်နိုင်စွမ်းကို ဆွေးနွေးညှိနှိုင်းလို့ ရတယ်လို့ အီရန်ဘက်က ပြောပါတယ်။

ဒါပေမဲ့ လုံးဝ သန့်စင်မှု မလုပ်ရဘူး၊ သဘောမတူရင် မင်းကို ငါ ဗုံးနဲ့ကြဲမယ် ဆိုတာကတော့ တောရိုင်းဥပဒေဆန်တယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013