Home
နိုင်ငံတကာ
အီရန်အတွက် ဒေါ်လာ ၃၀ ဘီလီယံတန် နျူသဘောတူညီချက် သတင်းများကို ထရမ့်ပ် ငြင်း
DVB
·
June 28, 2025
Photo :Reuters

အမေရိကန်က အီရန်အတွက် ဒေါ်လာ ဘီလီယံ ၃၀ တန် အရပ်ဘက်သုံး နျူကလီးယား သဘောတူညီချက်ကို စဉ်းစားနေတယ်ဆိုတဲ့ ဖော်ပြချက်တွေကို အမေရိကန်သမ္မတ ထရမ့်ပ်က ငြင်းဆိုခဲ့ပါတယ်။ 

မီဒီယာတွေရဲ့ ဖော်ပြချက်မှာ အမေရိကန်က အရပ်ဘက်စွမ်းအင်ထုတ်လုပ်မှုအတွက် နျူအစီအစဉ်တွေ တည်ဆောက်မဲ့ ကိစ္စကို ထရမ့်ပ်အစိုးရအဖွဲ့က ဆွေးနွေးနေတယ်လို့ ပါရှိပါ တယ်။ 

CNN က ကြာသပတေးနေ့နဲ့ NBC က သောကြာနေ့မှာ ဖော်ပြခဲ့တာဖြစ်ပြီး ထရမ့်ပ်အစိုးရက အီရန်ဟာ ယူရေနီယံသန့်စင်မှုကို ရပ်တန့်စေဖို့ စီးပွားရေးဆိုင်ရာ မက်လုံးပေးကမ်းလှမ်းမှု ဖြစ်တယ်လို့ ဖော်ပြပါတယ်။ 

CNN က အရာရှိတွေရဲ့ အဆိုပြုချက်တွေကို အခြေခံပြီး ဖော်ပြတာဖြစ်သလို ဒီအစီအစဉ်က လည်း မူကြမ်းအဆင့်သာ ရှိသေးတယ်လို့ ဆိုထားပါတယ်။ 

“အီရန်မှာ စစ်ရေးနဲ့မဆိုင်နဲ့ နျူစွမ်းအင်ထုတ်လုပ်ဖို့ သမ္မတထရမ့်ပ်က ဒေါ်လာ ဘီလီယံ ၃၀ ပေးမယ်လို့ မမှန်ကန်တဲ့သတင်းတွေကို ဘယ်သူတွေရေးနေတာလဲ။ ဒီလို မဖြစ်နိုင်တဲ့ တွေးခေါ်မှုမျိုး မကြားဖူးပါဘူး” လို့ ထရမ့်ပ်က ဆိုရှယ်မီဒီယာ Truth မှာ ရေးသားထားပါတယ်။

အမေရိကန်ဟာ ဧပြီလကတည်းက အီရန်နဲ့ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး သံတမန်ရေး အရ ဖြေရှင်းဖို့ နည်းလှမ်းတွေကို သွယ်ဝိုက်သောနည်းလမ်းတွေနဲ့ အဖြေရှာခဲ့ပါတယ်။ 

အီရန်က နျူအစီအစဉ်ဟာ ငြိမ်းချမ်းမှုရှိကြောင်း ပြောဆိုထားပြီး အမေရိကန်ကတော့ နျူလက်နက် မတည်ဆောက်ဖို့ သေချာတဲ့အချက်ကို လိုချင်တယ်လို့ ပြောထားပါတယ်။

အီရန်ဟာ နျူလက်နက် မပြန့်ပွားရေး စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံဖြစ်ပြီး အစ္စရေး နိုင်ငံကတော့ အဲ့ဒီစာချုပ်အဖွဲ့ ဝင်နိုင်ငံထဲမှာ မပါဝင်ပါဘူး။ 

ကုလရဲ့ နျူစောင့်ကြည့်ရေးအဖွဲ့က အီရန်မှာ နျူလက်နက်ထုတ်လုပ်တယ် ဆိုတဲ့ပုံစံမရှိကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

Source:Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013