Home
မြန်မာသတင်း
မိုးဗြဲတိုက်ပွဲတွင် DMO ၁၁၀၆ တပ်ရင်းမှ ဒုတပ်စိတ်မှူး ကျဆုံး
DVB
·
June 29, 2025
DMO 3
DMO 6

ရှမ်းပြည်နယ်တောင်ပိုင်းက မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုကြား ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး DMO ၁၁၀၆ တပ်ရင်းက ဒုတပ်စိတ်မှူး  ကျဆုံးခဲ့ရတယ်လို့ တပ်ရင်းက ဇွန် ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်၊ ရှမ်းတောင် (ကယား) ကရင်နီ တိုင်းစစ်ဌာန၊ အမှတ် ၁၁၀၆ တပ်ရင်းမှာ ဒုတပ်စိတ်မှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ဂျွန်နယူးမင်းနဲနယ်(ခ) ဖားတီ(ကိုယ်ပိုင်အမှတ် P3-1106 146) ဟာ ဇွန် ၂၇ ရက်နေ့က မိုးဗြဲတိုက်ပွဲမှာ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ရှေ့တန်းရောက်ရဲဘော်တယောက်က “တိုက်ပွဲကပြင်းထန်နေတယ်။ ဒရုန်းတွေနဲ့ ချနေတာ။ လက်နက်ကြီးပစ်၊ မီးလောင်ဗုံးတွေရော ပစ်တာမျိုးပေါ့” လို့ ပြောပါတယ်။

ရဲဘော် ဂျွန်နယူးမင်းနဲနယ်(ခ) ဖားတီက တပ်ရင်းက ပေးအပ်တဲ့တာဝန်ကိုကျေပွန်ပြီး တိုက်ပွဲများစွာကိုလည်း ပါဝင်တိုက်ခိုက်ခဲ့သူဖြစ်သလို သူကျဆုံးရတဲ့အတွက် မိသားစုနဲ့ ထပ်တူဝမ်းနည်းရပြီး အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင် ဦးညွတ်တယ်လို့ တပ်ရင်းက ဆိုပါတယ်။

မိုးဗြဲကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းဗုံးသီးချတိုက်ခိုက်တာတွေ ဆက်တိုက်ရှိနေတာပါ။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလလောက်စလို့ နေ့တိုင်းနီးပါး ထိတွေ့တိုက်ပွဲတွေဖြစ်နေပြီး နှစ်ဖက်အထိအခိုက်အကျအဆုံးတွေလည်းရှိတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013