Home
မြန်မာသတင်း
လောင်းလုံးတွင် စစ်ကောင်စီတပ်က အရပ်သားတဦးကို သတ်ဖြတ်၊ အနည်းဆုံး ၃ ဦးဖမ်းဆီးခံရ
DVB
·
June 26, 2025
Household-items-stolen1
Household-items-stolen
House-burned-down1
House-burned-down
Burnt-motorcycles

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းရွာမှာ စစ်ကောင်စီတပ်သားတွေက အရပ်သားတဦးကို သတ်ဖြတ်ပြီး အနည်းဆုံး ၃ ဦး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ဆီက သိရပါတယ်။

ဇွန် ၁၄ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက လောင်းလုံးမြို့မှတဆင့် ကညုံကျွန်းရွာကို စစ်ကြောင်းထိုးလာချိန်မှာ လမ်းတလျှောက်ရှိ အရပ်သား ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ဇွန် ၂၄ ရက်မှာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါဖမ်းဆီးခံရသူတွေထဲမှာ အသက် ၄၆ နှစ်အရွယ် ကညုံကျွန်းရွာခံ ဦးမျိုးဇော်အောင် (ခ) ဦးမျိုးကြံအောင်ကို လည်လှီးသတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းကို စစ်ကြောင်း ပြန်လည်ဆုတ်ခွာရာလမ်းရှိ စစ်ပြဲရွာနဲ့ လောင်းလုံးမြို့ကြား ဆီအုန်းတောထဲမှာ စွန့်ပစ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ သပိတ်ကော်မတီဆီမှ သိရပါတယ်။

DDMSCရဲ့ ပြန်ကြားရေးတာဝန်ခံက “စစ်ကြောင်းက လောင်းလုံးကို ပြန်တက်တော့ ကညုံကျွန်းရွာသား ၃ ယောက်ကလွဲပြီး ကျန်တဲ့လူတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိထားရပါတယ်။ လက်ရှိအချိန်ထိ အဖမ်းခံထားရတဲ့သူ ၃ ယောက်ထက် ပိုများသေးလားဆိုတာကတော့ စုံစမ်းနေတုန်းပဲဗျ” လို့ ပြောပါတယ်။

အသတ်ခံရသူ ဦးမျိုးဇော်အောင်မှာ သာမာန်အရပ်သားတဦးဖြစ်ပြီး စိတ်ကျန်းမာရေးမကောင်းသူတယောက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေက ကညုံကျွန်းရွာမှာ တပ်စွဲနေထိုင်စဥ်အတွင်း နေအိမ် ၂ လုံးနဲ့ ဆိုင်ကယ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်ရာချီကိုလည်း ဖောက်ထွင်းဝင်ရောက်ကာ တန်ဖိုးကြီးပစ္စည်းတွေ ယူဆောင်သွားတယ်လို့ DDMSC ဆီမှ သိရပါတယ်။

ပုံစာ - သတ်ဖြတ်ခံခဲ့ရသည့် ဦးမျိုးဇော်အောင်နှင့် ဖျက်ဆီး၊ ခိုးယူခံခဲ့ရသည့် နေအိမ်များ

Photo - မူရင်းရိုက်ကူးသူ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013