Home
မြန်မာသတင်း
မော်ချီးဒေသ ဗုံးကြဲခံရမှု ပြည်သူ ၇ ဦးသေဆုံး၊ ၂၀ ကျော်ထိခိုက်ပြီး နေအိမ် ၂၀ ကျော် ပျက်စီး
DVB
·
June 26, 2025
Photo: UWaiLynnHtoon
Photo: UWaiLynnHtoon
Photo: UWaiLynnHtoon
Photo: UWaiLynnHtoon
Photo: UWaiLynnHtoon
Photo: UWaiLynnHtoon
Photo: UWaiLynnHtoon
Photo: UWaiLynnHtoon
Photo: UWaiLynnHtoon

ကရင်နီပြည်နယ်၊ မော်ချီးဒေသကို ဇွန် ၂၅ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲလို့ ပြည်သူ ၇ ယောက် သေဆုံးပြီး အယောက် ၂၀ ကျော် ထိခိုက်မိကာ နေအိမ် အလုံး ၂၀ ကျော်လည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။

ဇွန် ၂၅ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီလေတပ်က ခဲကျင်းနေရာတည့်တည့်ကို ပေါင် ၂၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ခန္ဓာကိုယ်တွေ ပြတ်တောက်ပြီး ပြည်သူသေဆုံး ထိခိုက်တာ များရတယ်လို့ ဒေသခံတွေကလည်း ပြောပါတယ်။

ဦးဗညားက “ကျား ၆ ယောက်၊ မ ၁ ယောက်။ ထိခိုက်တာက ၂၀ ဦးထက်မနည်း၊ အိမ်​ခြေနဲ့ အလုပ်ရုံ ၂၀ ဝန်းကျင် စာရင်းထပ်ကောက်နေတယ်” လို့ ပြောပါတယ်။

ဖားဆောင်းမြို့နယ်ထဲက တနေရာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပေမဲ့ တိုက်ပွဲမရှိဘဲ ဒေသခံတွေ လုပ်ကိုင်နေတဲ့ မော်ချီးကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“တနေရာမှာ တိုက်ပွဲဖြစ်လို့ ထိခိုက်နစ်နာပြီဆိုရင် ရွာတွေ ဗုံးကြဲ၊ ရွာတွေ မီးရှို့ပေါ့။ သူတို့လုပ်နေကျ ရာဇဝတ်မှုလို့ မှတ်တမ်းယူထားတယ်ပေါ့နော်။ တချိန်ကျရင် ဒီမှတ်တမ်းနဲ့ စစ်ရာဇဝတ်မှုဖြစ်စေ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တာဖြစ်စေ အရေးယူနိုင်အောင် ကြိုးစားနေတာ ရှိပါတယ်” လို့ ဆက်ပြောပါတယ်။

မော်ချီးဒေသကို မတ် ၇ ရက်၊ ဧပြီ  ၂၄ ရက်၊ ဧပြီ  ၂၆ ရက်၊ မေလ ၁၀ ရက်၊ မေလ ၁၃ ရက်နဲ့ ဇွန် ၂၅ ရက်တို့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁၆ ယောက်ထက်မနည်း သေဆုံးခဲ့ရပြီး အယောက် ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013