Home
နိုင်ငံတကာ
ထရမ့်ပ်နှင့် တွေ့ဆုံစဉ် ဇလန်းစကီး အနက်ရောင်ကုတ်အင်္ကျီ ဝတ်ဆင်
DVB
·
June 26, 2025
Photo :Reuters

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာ ကျင်းပတဲ့ NATO ထိပ်သီးဆွေးနွေးပွဲ တက်ရောက်လာတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ဇွန် ၂၅ ရက်မှာ သီးခြားတွေ့ဆုံခွင့်ရခဲ့တဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ ပုံမှန်မြင်နေကျ စစ်တီရှပ်နဲ့ မဟုတ်ဘဲ ရှပ်အင်္ကျီအနက်နဲ့ အနက်ရောင်  ကုတ်အင်္ကျီ ဝတ်ဆင်ထားခဲ့ပါတယ်။

အတွင်းမှာ အဖြူရောင်ရှပ်အင်္ကျီ၊ နက်ကတိုင်တို့ မဝတ်ထားတဲ့အတွက် ဝတ်စုံပြည့် မဟုတ်ဘူးလို့ ပြောလို့ရပေမဲ့ မြင်တွေ့နေကျထက် ပိုပြီး သပ်ရပ်အောင် ဝတ်စားခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းဟာ NATO အဖွဲ့ဝင် မဟုတ်တဲ့အတွက် ဆွေးနွေးပွဲတက်ခွင့်မရခဲ့ပေမဲ့ နယ်သာလန်ဘုရင်ရဲ့ ဖိတ်ကြားချက်နဲ့ လာရောက်တာဖြစ်ပြီး ဘုရင်နဲ့ တွေ့ဆုံစဉ်မှာလည်း အလားတူ ဝတ်စုံကို ဝတ်ထားခဲ့ပါတယ်။

ထရမ့်ပ်နဲ့ တွေ့ဆုံမှုမှာ ယူကရိန်းဘက်က ဝယ်ချင်တဲ့ လက်နက်စာရင်း အပါအဝင် ကိစ္စတချို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကာလအတွင်းမှာ စစ်စတိုင်တီရှပ်အင်္ကျီကိုပဲ ဝတ်ဆင်လေ့ရှိတဲ့ ဇလန်းစကီးဟာ ဖေဖော်ဝါရီလအတွင်း ထရမ့်ပ်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ်က ဒီဝတ်စုံကြောင့် သတင်းထောက်ဆိုသူတယောက်ရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အဲဒီကနေမှ ထရမ့်ပ်၊ ဒုသမ္မတ ဂျေဒီဗန့်စ်တို့နဲ့ ပြဿနာဖြစ်ပြီး ခရီးစဉ် မအောင်မမြင် ဖြစ်ခဲ့ရဖူးပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013