Home
နိုင်ငံတကာ
ပစ်မှတ်တည့်တည့်ထိဟု ထရမ့်ပ်ကြွေးကြော် 
DVB
·
June 23, 2025
Photo: Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က “ပစ်မှတ်ဗဟိုချက်” တည့်တည့်ထိမှန်ခဲ့ပြီး အီရန်က နျူကလီးယားစခန်းတွေအားလုံး အကြီးအကျယ် ပျက်စီးသွားတယ်လို့ ကြွေးကြော်ခဲ့ပါတယ်။

“လက်ရှိ အီရန်အစိုးရကသာ အီရန်ကို တဖန်ပြန်ကြီးမြတ်အောင် မလုပ်နိုင်ရင် အစိုးရ အပြောင်းအလဲ ဘာဖြစ်လို့ မဖြစ်ရမလဲ” လို့လည်း  လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ကုလသမဂ္ဂကတော့ သက်ရောက်မှု အတိုင်းအတာ အတိအကျကို မဆုံးဖြတ်နိုင်သေးဘူးလို့ ထုတ်ပြန်ထားပါတယ်။

အဓိပ္ပာယ်မရှိ၊ မူမမှန်တဲ့ အကြောင်းပြချက်တွေနဲ့ အမေရိကန်က စစ်ဆင်နွှဲခဲ့တာလို့ ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီးက စွပ်စွဲခဲ့ပါတယ်။

ကမ္ဘာတဝန်း အမေရိကန်နိုင်ငံသားတွေ အထူးသတိထားဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

အစ္စရေးနဲ့ အီရန်ကတော့ ၂၂ ရက်နေ့ ညပိုင်းအထိ ဝေဟင်ကနေ အပြန်အလှန် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မော်စကိုမှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီးကော့ ကမ္ဘာကြီးအနေနဲ့ ထရမ့်ပ်ကို ကျေးဇူးတင်သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ကမ္ဘာတဝန်းက မြို့ကြီးတချို့မှာ အမေရိကန်ရဲ့ တိုက်ခိုက်မှုကို ရှုတ်ချတဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013