
ကမ္ဘာပေါ်မှာ အခြောက်သွေ့ဆုံး ကန္တာရဖြစ်တဲ့ ချီလီနိုင်ငံက အာတာကာမာ ကန္တာရထဲမှာ စိုက်ပျိုးသူတွေနဲ့ သုတေသီတွေက မြူခိုးတွေထဲက အစိုဓာတ်ကိုဖမ်းယူဖို့ ပိုက်ကွန်ကိုသုံးပြီး ဆလတ်နဲ့ သံပုရာသီးတွေကို စိုက်နေပါတယ်။
စိုက်ပျိုးသူတွေနဲ့ သုတေသီတွေက လေထဲက ရေကို ရယူနည်းကို ရှာဖွေနေကြတာပါ။
အာတာကာမာ မြူခိုးဖမ်းသူများအဖွဲ့ ဥက္ကဋ္ဌ အော်လန်ဒို ရိုဂျက်စ်က “ကျနော်တို့က ကမ္ဘာပေါ်က အခြောက်သွေ့ဆုံး သဲကန္တာရထဲမှာ မြူခိုးရေနဲ့ ဟိုက်ဒရိုပိုနစ် နည်းပညာသုံးပြီး ဆလတ်ရွက်ကို စိုက်ပျိုးနေတာပါ” လို့ ပြောပါတယ်။
တချို့နေရာတွေမှာ မိုးရွာတာကို မတွေ့ရတာ နှစ်ပေါင်းများစွာ ရှိပြီလို့ အာတာကာမာက ချာနာရယ်ဒေသနားမှာ ရိုက်တာသတင်းဌာနကို အော်လန်ဒိုက ပြောခဲ့တာပါ။
“ကျနော်တို့မှာ အထွက်နှုန်းမပြည့်တဲ့ တခြားသီးနှံတွေရှိနေလို့ ဆလတ်ရွက်ကို စိုက်ပျိုးဖို့ စိတ်ကူးထားပါတယ်” လို့လည်း သူက ဆက်ပြောပါတယ်။
UC အာတာကာမာ သဲကန္တာရစင်တာက သုတေသီတွေဟာ နိုင်ငံအတွင်း မြူရေတွေကို ထုတ်သုံးနိုင်မယ့် အလားအလာရှိတဲ့ ဒေသတွေရဲ့ တည်နေရာကို ပြဖို့ ဝက်ဘ်ဆိုက် မြေပုံပလက်ဖောင်းတို့ကို စတင်လုပ်ဆောင်နေပြီး ဒီနည်းဟာ မိုးနည်းတဲ့ဒေသတွေမှာ စိုက်ပျိုးနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
Source: Reuters